သိန်း(၆၀)တန် မြေကွက်တွေကို အမှန်တကယ်လိုအပ်တဲ့သူတွေရဖို့ လျှောက်ထားသူတွေမျှော်လင့်နေကြ

သိန်း(၆၀)တန် မြေကွက်တွေကို အမှန်တကယ်လိုအပ်တဲ့သူတွေရဖို့ လျှောက်ထားသူတွေမျှော်လင့်နေကြ

လာရောက်လျှောက်ထားသူ လျှောက်လွှာ သောင်းနဲ့ချီထဲကမှ လူ(၅၀၀)ရွေးမှာ ဖြစ်ပြီး လျှောက်တဲ့သူတွေကလည်း စီးပွားဖြစ်များနေတာကြောင့် မြေယာတကယ်လို အပ်တဲ့ သူတွေ အနေနဲ့ ရွေးတဲ့လူ(၅၀၀)ထဲမှာပါဖို့ မျှော်လင့်နေကြပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်း(၆၀)တန် တန်ဖိုးနည်းမြေကွက်တွေဝယ်ယူနို င်ဖို့ အတွက် လျှောက်လွှာများကိုအောက်တိုဘာလ(၇)ရက်နေ့ကစတင်ကာ ရန်ကုန်အ ရှေ့ပိုင်း ခရိုင်စုပေါင်းရုံးမှာ ရောင်းချပေးနေပါတယ်။ ပထမအဆင့်အနေနဲ့ မြေကွက် (၅၀၀)ကျော်ကိုရောင်းချပေးမှာဖြစ်ပြီး လာရောက်လျှောက်ထားတဲ့သူတွေအနေနဲ့က သော င်း နဲချီရှိကာ စီးပွားရေးလျှောက်ထားမှုတွေလည်းရှိတာကြောင့် တကယ် လိုအပ် တဲ့သူ တွေက မြေကွက်မရမှာကိုစိုးရိမ်နေကြပါတယ်။

“ မနက်အစောကြီးကတည်းက လာစောင့်နေတာ။ သူတို့ကြေညာထားတာက (၅၀၀)လို့တော့ ပြောတယ်။ အန်တီတို့ကြားတာပေါ့နော် ။အခုဒီပုံတိုင်းဆို လူက သောင်းချီနိုင်တယ်၊ လူ တန်း ကြီးမှအရှည်ကြီးပဲ။ အဲဒီထဲမှာမှ တကယ်မရှိတဲ့သူတွေရဖို့ အန်တီကဆုတော င်းတယ်။ အန်တီတို့လည်းတကယ်မရှိပါဘူး။ ငွေကြေးတက်နိုင်လို့ ရပြီးတဲ့သူတွေက ရပြီး ရင်းရနေရင် မရသေးတဲ့သူတွေက အရမ်းနစ်နာပါတယ်။ အခုဆိုအန်တီလူ (၄) (၅)ယော က်လောက် ကိုလိုက်မေးတယ်။ တစ်ချို့က ကျွန်မတို့ကအိမ်ရှိပြီးသား၊ မရလည်း ဘာမှ မဖြစ်ဘူးဆိုပြီးပြောကြတယ်။ စီးပွားရေးသမားတွေရှိတာပေါ့။ အန်တီကတော့ အခုထိအိ မ်ငှားနေနေရတာပါ “လို့ မြေကွက်လျှောက်ထားသူ သင်္ဃန်းကျွန်းမှ ဒေါ်ခင်စန်းရီက Duwun ကိုပြောပါတယ်။

တန်ဖိုးနည်းမြေကွက် သိန်း(၆၀)တန်မြေကွက်လျှောက်ထားမှုလျှောက်လွှာတွေကို အောက်တိုဘာလ(၇)ရက်နေ့ကနေ စကတင်ဘာလ(၇)ရက်နေ့ တစ်လတိတိ လျှောက် လွှာတွေကိုထုတ်ပေးသွားမှာပါ။ လျှောက်လွှာထုတ်ပေးတဲ့ ဒုတိယနေ့မှာ လည်း မြေကွ က်လျှောက်ထားသူ ပြည်သူတစ်ဦးမှသူရဲ့အမြင်ကိုအခုလိုပြောပါတယ်။

“ အခုလာတဲ့သူတွေက ပိုက်ဆံရှိ၊ကားရှိတဲ့သူတွေကြည့်လာတာကိုပဲ ကျွန်တော်မြင်တယ်။ မရှိဆင်းရဲသားကဘေးကပ်နေရတာ။ အခုလိုတန်ဖိုးနည်းနည်းနဲ့ရောင်းချပေးတဲ့ မြေကွက် တွေကို မရှိဆင်းရဲသားတွေရရင်တော့ ပိုကောင်းတာပေါ့ဗျာ “ဆိုပြီး တောင်ဥက္ ကလာ (၄)ရပ်ကွက်မှ ကိုသန်းဇော်မိုးက Duwun ကိုပြောပါတယ်။

“ ပထမအဆင့်အနေနဲ့ရောင်းချဖို့ မြေကွက်ပေါင်း (၅၀၀) ကျော်လောက်ရွေး ချယ်ထား တယ် ။လျှောက်လွှာ လျှောက်တဲ့ သူတွေထဲမှာ မြေကွက်တစ်ကွက်ထဲကိုပဲ နှစ်ယော က်သုံး ယောက်အပြိုင်လျှောက်ထာားတာတွေလည်းရှိချင်ရှိမယ်။ကျွန်တော်တို့က သူတို့ တ င် ပြလာတဲ့ လျှောက်လွှာတွေပေါ်မှာ စိစစ်ပါအုံးမယ်။သေချာစိစစ်ပြီးမှ အမှန်တက ယ် လိုအပ်တဲ့ သူတွေကိုရောင်းချပေးမှာ ဖြစ်တယ်” လို့ ရန်ကုန်မြို့တော်စည်ပင် တွဲဖက်အ တွင်းရေးမှူး ဦးသန်းကပြောပါတယ်။

မြေကွက်ရရှိတဲ့သူတွေအနေနဲ့ကတော့ လျှောက်လွှာရပြီး (၁)လအတွင်းမှာရရှိမှာဖြစ်ပြီး သိန်း(၆၀)ကို တစ်လ(၁၀)သိန်းနဲ့ (၆)လအတွင်းငွေအကြေပေးရမှာဖြစ်တယ်လို့လည်း လျှောက်ထားသူတွေထံမှသိရပါတယ်။ မြေကွက်တွေက ဒဂုံ(၄) မြို့နယ်၊ ရွှေပြည်သာနဲ့ လှိုင်သာယာဘက်တွေဖြစ်ပြီး လျှောက်လွှာတစ်သောင်းကျော်ထဲမှ လူ(၅၀၀)ထဲမှာ ပါဖို့ခဲယဉ်းပေမယ့် ဒီလူ(၅၀၀)ထဲမှာပါချင်တယ်လို့ မြေယာတကယ်လိုအပ်တဲ့ ပြည်သူတွေ ထံမှကြားသိခဲ့ရပါတယ်။

Comments are closed.