ချစ်ခင်လေးစားရတဲ့ ကိုပေါက်ရဲ့မွေးနေ့ကို သတိတရနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ညီနန္

ပရိတ်ကြီးရေ ကိုပေါက်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့ပြီး နောက်ပိုင်းမှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပါ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၆)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော် ကိုပေါက်ရဲ့မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ကိုပေါက်ရဲ့မွေးနေ့အတွက်ကိုတော့ သရုပ်ဆောင်ညီနန္ဒက သူလေးစားချစ်ခင်ရတဲ့ ကိုပေါက်အတွက် “Happy Birthday ပါ ချစ်ခင်လေးစားရတဲ့ အစ်ကို။ ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒတွေ အမြန်ပြည့်ပါစေ ခင်ဗျာ။” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးထားခဲ့ပါသေးတယ်။

Happy Birthday ပါ ကိုပေါက်ရေ မွေးနေ့ကနေစစိတ်ချမ်းသာကိုယ်ကျန်းမာမှုတွေရရှိပါစေ ချစ်ရတဲ့ မိသားစုနဲ့လည်း အမြန်ဆုံး စုံစည်းနိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေလည်း ကိုပေါက်ရဲ့မွေးနေ့အတွက် မွေးနေ့ဆုမွန် ကောင်းတွေ တောင်းပေးခဲ့ကြပါဦးနော်။

Source – Nyi Nanda
Chilli – CeleZone

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*