မိန်းကလေးဆန်ပြီး နူးညံ့လွန်းတဲ့ အလှပုံရိပ်တွေကို ပြသလိုက်တဲ့ နေခြည်ဦး

မိန်းကလေးဆန်ပြီး နူးညံ့လွန်းတဲ့ အလှပုံရိပ်တွေကို ပြသလိုက်တဲ့ နေခြည်ဦး

စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ နေခြည်ဦးကတော့ သူမရဲ့ လူမှုနေထိုင်မှုဘဝကို ကွယ်ဝှက်မှုမရှိပဲ ပရိသတ်တွေကို ချပြရဲတဲ့ ခပ်ဂေါ်ဂေါ်ကောင်မလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ တွေ့မြင်ရလေ့ရှိတဲ့ နေခြည်ဦးကတော့ လတ်တလောမှာ မိန်းကလေးဆန်ပြီး နူးညံ့လှပတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန် ယက် မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ နေခြည်ဦး့အလှပုံရိပ်ေ တွကတော့ သူမကို အရမ်းချစ်ကြတဲ့ ချီလီလေးတွေကို ပိုပိုကြွေစေခဲ့တာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မိန်းကလေးဆန်ဆန် ဖက်ရှင်လေးနဲ့ မြင်ရသူတွေ ငေးမောယူရလောက်အောင် လှရက်လွန်းတဲ့ နေခြည်ဦး ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ “အချစ်က ဖန်တီးလုပ်ယူလို့မရဘူးဆိုတာ မင်းလက်ခံလာတဲ့တစ်နေ့ ကိုယ့်ရင်ထဲက အခမ်းနားဆုံးမေတ္တာတစ်ခု မင်းမြင်သွားတဲ့နေ့ဘဲ 🦋🦋🦋 အခမ်းနားဆုံးမေတ္တာ အခမ်းနားဆုံးဘဝစတိုင်” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ လတ်တလောမှာတော့ နေခြည်ဦးက သူမပါဝင်သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံး မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်တော့မှာမို့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။

အလှအပနဲ့ပတ်သတ်ရင်လည်း ပရိသတ်တွေကို သူမရဲ့အတွေ့အ ကြုံနဲ့ယှဉ်ပြီး အကောင်းဆုံး အကြံပေးတဲ့ နေခြည်ဦးကတော့ စေတနာကောင်း လို့ တစ်နေ့တစ်ခြား ပိုပိုလှလာတာပါနော်။

နေတိုး နဲ့ နေခြည်ဦးတို့အပြင် အဆိုတော် နေရွှေသွေးအောင်ကလည်ူ တစ်စိတ်တစ်ဒေသ အ နေနဲ့ ပါဝင်ကူညီထားတဲ့ “အခမ်းနားဆုံး မေတ္တာ” ရုပ်ရှင်ကလည်း အရမ်းကို စိတ်ဝင်စားစရာ ကောင်းတာမို့ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အခမ်းနားဆုံး မေတ္တာရုပ်ရှင်ထဲက အချစ်ကိုတန်ဖိုးထားတဲ့ လိပ်ပြာတစ်ဖြစ်လဲ နေခြည်ဦးကို အားပေးမယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Nay Chi Oo’s Facebook
Photo; Li John Ljl ,Reference&Credit;momolay.com

Comments are closed.