လူတကာငေးကြည့်ရလောက်အောင် လှပလွန်းနေတဲ့ သန္တာဗိုရဲ့ အမိုက်စား ပုံရိပ်များ

လူတကာငေးကြည့်ရလောက်အောင် လှပလွန်းနေတဲ့ သန္တာဗိုရဲ့ အမိုက်စား ပုံရိပ်များ

သရုပ်ဆောင် အကယ်ဒမီ ချောရတနာရဲ့ ညီမဖြစ်သူ သန္တာဗိုလ်က သူမရဲ့ ရှည်လျားတဲ့ အရပ် အမောင်းနဲ့ အမိုက်စား ရုပ်ရည်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေလည်း အားပေးကြတာ ဖြစ်ပါတယ်။ သန္တာဗိုလ်က မော်ဒယ်လောကမှာ ထိပ်ဆုံး က ရပ်တည်နေသူတစ်ဦးဖြစ်ပြီး သရုပ်ဆောင်အလုပ်ကိုလည်း ရံဖန်ရံခါ လုပ်သူတစ်ဦးဖြစ်ပြီး အောင်မြင်မှုတွေ များစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေး သန္တာဗိုက မနေ့က အောက်တိုဘာလ (၈) ရက်နေ့မှာတော့ ရန်ကုန်မြို့ Mingalar Gold Class Cinema မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ် ကား ကြီးရဲ့ Cele Show အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သန္တာဗိုက “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Cele Show အခမ်းအနားကို အရမ်းလှတဲ့ အနီရောင်ဝတ်စုံလေးနဲ့ ခမ်းနားလှပစွာ တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။

သန္တာဗိုက နိုင်ငံခြားသူလေးတစ်ယောက်လို လှနေတာပြီး လူတကာငေးမောနေရေ လာက်အောင် လှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သန္တာဗိုရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

သန္တာဗိုကတော့ ခမ်းနားမှုတွေနဲ့ လှပနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သန္တာဗိုရဲ့ အမိုက်စား ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thandar Bo’s fb
Photo: Shein Khant Aung, Reference& Credit:momolay.com

Comments are closed.