ချစ်ရတဲ့ညီမလေးနဲ့အတူ ထူးထူးခြားခြားလေးရိုက်ကူး ထားတဲ့ဗီဒီယိုလေးကို ပရိတ်သတ်ကြီးအား ချပြလာတဲ့ ပေါ်ရှာ

ပရိသတ်ကြီးရေ ပြည်ပနိုင်ငံတွင် အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ရဲ့ အကြီးဆုံး သမီး ပေါ်ရှာပဲ ဖြစ်ပါတယ်။ သူမတို့ဟာ မိသားစုလိုက် ပြည်ပနိုင်ငံသို့ ပြောင်းလာပြီး အခြေချနေ ထိုင်နေကြတာ ဖြစ်ပါတယ်။

သူမလိုပဲ အနုပညာအရည်အချင်းရှိတဲ့ သမီးကြီးအတွက် မိခင်ဖြစ်သူစမိုင်းတစ်ယောက် ဂုဏ်ယူနေတာ ဖြစ်ပါတယ်။ပေါ်ရှာကလည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို မြန်မာနိုင်ငံက ပရိသတ်တွေ ကြည့်ရှုနိုင်စေရန်အတွက် အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က ပေါ်ရှာရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာဖြစ်ပါတယ်။ ဒါကတော့ ညီမလေးကိုပါ ခေါ်ပြီး ထူးထူးခြားခြား ရိုက်ကူးထားတဲ့ အမိုက်စား ဗီဒီယိုလေး တစ်ခုအား ပရိသတ်ရှေ့မှောက် ချပြလိုက်တာ ဖြစ်ပါတယ်။

ညီအစ်မနှစ်ယောက်လုံး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ လုပ်နေကြတာကိုလည်း ဗီဒီယိုဖိုင်လေးထဲ တွင်မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်စေရန်အတွက် ပေါ်ရှာတို့ ညီအစ်မနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Advertisement

[zawgyi]




Advertisement


Be the first to comment

Leave a Reply

Your email address will not be published.


*