
အနုပညာမောင်နှမတွေရဲ့ပပဝတီစီရင်ခန်းကို သွားရောက်အားပေးခဲ့တဲ့ နန်းဆုရတီစိုး


နန်းဆုကတော့ ‘ပပဝတီစီရင်ခန်းကိုသွားရောက်အားပေးကြတဲ့ ပပဝတီညီအမများ❤️😍😜 အရမ်းကောင်းတဲ့ကားလေးပါ ပရိသတ် အကြိုက်ဖြစ်မှာသေချာတယ်👍အောင်မြင်မှုအ ကြီးရ ရှိပါစေ🙏🙏🙏Congratulations မီးမီးရွှေခြူး production & ကိုဝိုင်း မမိုး ဖွေး ကိုထွန်း အလင်းရောင် နဲ့ ပပဝတီ အဖွဲ့သားများ🎊🎉👍ပပဝတီစီရင်ခန်း” ဆိုပြီး အရမ်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

“ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုလ (၁၀) ရက်နေ့မှာ ရုံတင်ပြသနေပြီဖြစ်ပြီး၊ အလင်းရောင်၊ ထွန်းထွန်း၊ မိုးဟေကို၊ ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

အရမ်းခင်မင်ကြတဲ့ အနုပညာရှင်တွေ…။

ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ မမမိုးနဲ့ နန်းဆု…။

လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ နန်းဆုရတီစိုးကတော့ မကြာခင်မှာ ပရိသတ်တွေအတွက် အလွမ်းအဆွေးသီချင်းတစ်ပုဒ် ချပြသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ နန်းဆုသီဆိုထားတဲ့ သီချင်းတိုင်းလိုလိုကလည်း အရမ်းပေါက်တာကြောင့် ပရိသတ်တွေက သူမရဲ့သီချင်းအသစ်ကို အရမ်းစိတ်ဝင်စားနေကြတာပါ။ မိုမိုလေးချစ်ပရိ သတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Nansu Yati Soe’s Facebook
Photo;Nay Min TunReference&Credit:momolay.com