မိခင်ကိုရိုက်ပေးမယ့် ဇာတ်ကားအ ကြောင်း ပြောလာတဲ့မင်းသန့် မောင် မောင်

မိခင်ကိုရိုက်ပေးမယ့် ဇာတ်ကားအ ကြောင်း ပြောလာတဲ့မင်းသန့် မောင် မောင်

မင်သန့်မောင်မောင်က မိခင်ဖြစ်သူ မေသန်းနုအတွက် ဇာတ်ကားဆန်းဆန်းလေးတစ်ကား က်ကူး ပေးတော့မယ်လို့ သိရပါတယ်။ 

မင်းသန့်မောင်မောင်ကတော့ မိခင်ဖြစ်သူကို ရိုက်ပေးဖို့ ဇာတ်လမ်းကောင်းကောင်းလေး တစ်ပုဒ်တွေးနေပါပြီတဲ့။ ဒီဇာတ်ကားကတော့ အတွေးနဲ့တင် အရမ်းကို ဆန်းပြားနေပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အမေ့အတွက်ကတော့ ဇာတ်လမ်းတစ်ခုက ရတယ်။ ဒါကို အချောသတ်ဖို့ ဇာတ်ညွှန်း ဆရာကို ရှာပြီးတော့ အပ်ချင်တာပေါ့။ ဒါပေမယ့် အခုလက်ရှိမှာလည်း Plan တွေလုပ် နေတုန်း ဘယ်အချိန်မှာ ရိုက်မယ်ဆိုတာကိုလည်း မပြောတတ်သေးဘူး။ အခုလက်ရှိက အိုင်ဒီယာလောက်ပဲရှိသေးတာပါ။ ဇာတ်လမ်းကတော့ ကျွန်တော်ထင်တာ ဆန်းမယ်၊ ပရိသတ်တွေ မျှော်လင့်နေပေးပါလို့လည်း ကျွန်တော် ပြောချင်တယ်’’ လို့ သူကဆိုပါတယ်။

သူဟာ တိမ်တွေပေါ်က ပန်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးပြီးချိန်မှာလည်း ဇာတ်ကားနဲ့ ပတ်သက်ပြီးအစအဆုံးပြီးစီးအောင်လုပ်နေချိန်မှာ မူးလဲသွားလို့ မိခင်ဖြစ်သူ မေသန်းနုက တော်တော်စိုးရိမ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မင်းသန့်မောင်မောင်ကလည်း မိဘနှစ်ပါးစလုံးက သူ့ကို ပြုစုပေးလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။

‘’ အစတုန်းကတော့ကျွန်တော်လည်း တော်တော်လေးကို ကြိုးစားရတာပေါ့နော်။ အခက်အခဲ တွေအများကြီးရှိတယ်။ ဇာတ်ကားကလည်း တော်တော်လေးကို ကြီးတယ်ဆိုတော့ အကောင်း ဆုံးဖြစ်ဖို့အတွက်ကိုတော့ ကြိုးစားရတာပေါ့နော်။ ညဘက်တွေဆိုလည်း တစ်ခါတ လေ မအိပ်ဖြစ်ဘူး စိတ်ဖိစီးမှုဖြစ်တာပေါ့နော်။ အဲဒီမှာ နည်းနည်းလေး မူးလဲသွားတော့ ကျွန်တော့်အမေ ကျွန်တော့်ရုံးခန်းကိုလာပြီးတော့ အာဟာရဖြစ်တာတွေ လာကျွေးတာပေါ့ အဲဒီအတွက်အရမ်းဝမ်းသာတယ်။ အဖေကလည်း သား ဘာစားချင်လဲ ပီဇာဝယ်ပေးရမလား၊ အာလူးကြော်ဝယ်ပေးရမလားနဲ့ အဖေရော၊ အမေရော ကောင်းကောင်းပြုစုပေးကြပါတယ်”’

လက်ရှိမှာတော့ မင်းသန့်မောင်မောင်ဟာ မိဘ နှစ်ပါးအတွက် သားလိမ္မာလေးဖြစ်အောင် ကြိုးစားနေထိုင်သူပါ။

‘’ကျန်းမာနေဖို့ကတော့ အကောင်းဆုံးပဲ။ ပျော်ရွှင်မှု နေ့တိုင်းရပါစေလို့ နေ့တိုင်း ဆုတောင်း တယ်။ ကိုယ့်ကိုယ်ကိုယ် သားလိမ္မာလို့လည်း မပြောချင်ပါဘူူး။ သူတို့ဖြစ်စေချင်တဲ့ သား တော့ ဖြစ်မှာပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း မိဘတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင် တယ်’’ လို့လည်း သူက ပြောပါတယ်။

မင်းသန့်မောင်မောင်ကိုတော့ မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေမှာ ကလေးသရုပ် ဆောင်အဖြစ် ပါဝင်ကတည်းက ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဖခင်ဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။

Comments are closed.