Idol ကြီးတွေဖြစ်တဲ့ ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်တို့နဲ့ ဆုံတွေ့ခွင့်ရလို့ ဝမ်းသာနေတဲ့ ရွှေထူး

Idol ကြီးတွေဖြစ်တဲ့ ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်တို့နဲ့ ဆုံတွေ့ခွင့်ရလို့ ဝမ်းသာနေတဲ့ ရွှေထူး

လူုငယ်ကြိုက် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရွှေထူးက ပရိသတ်တွေ ခံစားချက်နဲ့ တိုက်ညီတဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူ ဖြစ်ပါတယ်။ ရွှေထူးက အခုဆိုရင် သီချင်းဆိုရုံသာမက သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ရွှေထူးကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ အနုပညာလှုပ် ရှား မှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

ရွှေထူးက သူကိုယ်တိုင် သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပေမယ့် သူ့ထက် ဝါရင့်၊ သမ္ဘာရင့် အနုပညာရှင်တွေကိုလည်း လေးလေးစားစားနဲ့ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ရွှေထူးက သူငယ်ငယ်ကတည်းက ကြိုက်နှစ်သက်အားပေးခဲ့ရတဲ့ အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့နဲ့ တွေ့ရလို့ တော်တော်လေး ဝမ်းသာနေတာကို တွေ့ရပါတယ်။


ရွှေထူးကတော့ သူကိုယ်တိုင် အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် သူချစ်ရတဲ့ အနုပညာရှင်တွေနဲ့ ဆုံတွေ့ရတဲ့အခါ လူငယ်လေးတစ်ယောက်လို ဝမ်းသာနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ် ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Htoo’s fb, Reference& Credit:momolay.com

Comments are closed.