ဖြူဖွေးသန့်ပြန့်နေတဲ့ အနောက် တိုင်းဝတ်စုံလေးနဲ့ ခန့်ညားနေတဲ့ ပိုင်တံခွန်

ဖြူဖွေးသန့်ပြန့်နေတဲ့ အနောက် တိုင်းဝတ်စုံလေးနဲ့ ခန့်ညားနေတဲ့ ပိုင်တံခွန်

ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ယောကျာ်းဆန်ဆန် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်က မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားတစ်လက်ပါပဲ။ ရုပ်လေးချောသလို ကြင်နာသ နားတတ်တဲ့ ပိုင်တံခွန်က စိတ်ထားကောင်းသူ တစ်ယောက်လဲ ဖြစ်ပါတယ်။ အဲ့လို စိတ်ရော လူပါလှတဲ့ ပိုင်တံခွန်က အခုဆိုရင် မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်နေတာ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Viber Asia Summit 2019 ပွဲကြီးကို တက်ရောက်နေတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ စင်္ကာပူရောက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။


ပိုင်တံခွန်က လက်ရှိမှာတော့ ကျော်ကျော်ဗို၊ အိချောပိုတို့နဲ့အတူတူ “မှောင်တိုက်” ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ထိုင်းနိုင်ငံမှာလည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေ လျက်ရှိပါတယ်။

ပိုင်တံခွန်ကတော့ မိန်းကလေးတွေ ကြွေရအောင် တစ်နေ့တစ်ခြား ပိုပိုပြီး ချောလာတာပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paing Takhon’s fb, Reference& Credit:momolay.com

Comments are closed.