
MRTV 4 ရဲ့ Talk Show မှာ ပါဝင်ခဲ့တဲ့ “အခမ်းနားဆုံးမေတ္တာ” အဖွဲ့သားများ

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင် အဖွဲ့သားတွေက မနေ့က အောက်တိုဘာလ (၉) ရက်နေ့က MRTV 4 ရုပ်သံလိုင်းရဲ့ အနုပညာမိုးကောင်းကင် အစီအစဉ်ရဲ့ Talk Show မှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။



“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးက နေတိုးနဲ့ နေခြည်ဦးတို့ ပထမဆုံး ဆုံတွေ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Romance ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ ပရိသတ်တွေက စိတ်ဝင် စားနေကြတာ ဖြစ်ပါတယ်။

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးက လာမယ့် အောက်တိုဘာလ (၁၇) ရက်နေ့မှာ စတင် ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Nay Min Tun’s fb
Photo: Nay Min Tun,Reference&Credit:momolay.com