မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်နှစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းနဲ့ နေတိုးတို့ရဲ့ ပုံရိပ်

မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်နှစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းနဲ့ နေတိုးတို့ရဲ့ ပုံရိပ်

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုးက အနုပညာနယ်ပယ်အသီး သီးမှာ အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကလည်း အဆိုဘက်မှာ ပြိုင်စံ ရှားဖြစ်သလို နေတိုးကလည်း သရုပ်ဆောင်လောကမှာ ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသား ဖြစ်ပါတယ်။ ဒါ့အပြင် နေတိုးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့က အားပေးသူပရိသတ် အများဆုံး ပိုင်ဆိုင် ထားတဲ့ အနုပညာရှင်နှစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်ကြီးချစ်တဲ့ နေတိုးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့က တစ်နေရာတည်းမှာ အတူတကွ တွေ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နေတိုးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

နေတိုးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့က နိုင်ငံလေးနိုင်ငံ ပူးပေါင်းတင်ဆက်မယ့် “ကောင်းကင်မရှိတဲ့ြ ကယ်” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

“ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာသရုပ်ဆောင်များအနေနဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်နဲ့ အေးမြတ်သူတို့က ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ကြိုက်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုးတို့ကို အခုလို ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုတည်းမှာ အတူတူ ထပ်မံ မြင်တွေ့ခွင့်ရတော့မှာ အရမ်းကော င်း တာပဲနော်။ ပရိသတ်ကြီးလည်း ” ကောင်းကင်မရှိတဲ့ကြယ် ” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိရ င်လည်း အားပေးကြပါဦးနော်။

Rowena
Source: Sai Sai Kham Leng’s fb,Reference&Credit:momolay.com

Comments are closed.