ခန့်ညားသန့်ပြန့်တဲ့ အမိုက်စားပုံရိပ်ေ တွကို ထုတ်ပြလိုက်တဲ့ သူရိယ

ခန့်ညားသန့်ပြန့်တဲ့ အမိုက်စားပုံရိပ်ေ တွကို ထုတ်ပြလိုက်တဲ့ သူရိယ

ချိုသာတဲ့ အပြုံးလေးနဲ့ ကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် သူရိယ ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကို အပြည့်အ ဝရ ရှိထားတဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူရိယက “အခမ်း နားဆုံး မေတ္တာ” ရုပ်ရှင်ကြီးရဲ့ပွဲတစ်ခုကို အဖြူရောင် ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ သူ့ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အတောက်ပဆုံးနဲ့ အခမ်းနားဆုံး ဘဝကို ရှေ့ဆက်နေတဲ့ သူရိယကတော့ အစစအရာရာ အဆင်ပြေနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည့်လို့မိုက်နေတဲ့ မင်းသားချောလေး သူရိယရဲ့ အလန်းစားပုံရိပ်တွေကို ဖော်ပြပေး လိုက်ပါတယ်နော်။

သူရိယကတော့ “အခမ်းနားဆုံး ဘဝစတိုင်လ်☀️😍” ဆိုပြီး သူ့ရဲ့ခပ်မိုက်မိုက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သူရိယကတော့ လတ်တလော နာမည်ကြီးနေတဲ့ “အခမ်းနားဆုံး မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း တစ်စိတ်တဒေသကနေ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

တလောက အချစ်ရေးကိစ္စကြောင့် ပရိသတ်တွေစိတ်ပူနေကြပေမယ့် အခုလို အေးအေးဆေးဆေးနဲ့ မြင်တွေ့ရတဲ့ သူရိယကြောင့် အကုန်လုံး က စိတ်အေးခဲ့ရတာပါနော်။

မင်းသားချောလေး သူရိယကတော့ တလောက အချစ်ရေးကိစ္စကြောင့် စိတ်မကောင်းဖြ စ်နေရပေမယ့်၊ အခုအချိန်မှာတော့ ဘဝအတွက် အကောင်းဆုံး ကြိုးစားပြီး အနာဂါတ်ကို လျှောက်လှမ်းနေတာပါ။ သူရိယကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ခန့်သန့်နေတဲ့ သူရိယရဲ့ပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Thuriya’s Facebook,Reference&Credit:momolay.com

Comments are closed.