မီးပုံးပျံကြီးစီးပြီး ပုဂံမြို့အလှကို ကောင်းကင်ပေါ်ကနေ ကြည့်ရှုခဲ့တဲ့ အေးဝတ်ရည်သောင်း

မီးပုံးပျံကြီးစီးပြီး ပုဂံမြို့အလှကို ကောင်းကင်ပေါ်ကနေ ကြည့်ရှုခဲ့တဲ့ အေးဝတ်ရည်သောင်း

ပရိသတ်ကြီးချစ်တဲ့ အပျိုကြီး အေးဝတ်ရည်သောင်းက အသက်(၃၀) ကျော်ထိတိုင် အောင်မြင် မှုတွေ ရရှိထားသူလေးပါ။ အေးဝတ်ရည်သောင်းက သူမရဲ့ အနုပညာသက်တမ်း တစ်လျှောက် ရုပ်ရှင်ဗီဒီယိုနဲ့ ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း သူမရဲ့ညအနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေး ကြပါ တယ်။

အေးဝတ်ရည်သောင်းက လက်ရှိမှာတော့ မြန်မာတို့ရဲ့ ရတနာမြေ ပုဂံမြို့ကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပုဂံကိုရောက်ခိုက် အေးဝတ်ရည်သောင်းက မီးပုံးပျံကြီးစီးပြီး ပုဂံမြို့ရဲ့ အလှအပတွေကို ခံစားခဲ့ပါတယ်။

အေးဝတ်ရည်သောင်းက “ချစ်သော ပုဂံမြေရဲ့မနက်ခင်းတစ်ခု..အိမ်မက်တစ်ခု အကောင်အ ထည်ပေါ်ခဲ့ပြီလေ” ဆိုပြီး သူမရဲ့ အိမ်မက်လေး အကောင်အထည်ပေါ်ခဲ့လို့ ဝမ်းသာကြောင်း ပြောထားပါတယ်။

မအေးသောင်း ပျော်နေရှာတာ😍

အေးဝတ်ရည်သောင်းကတော့ ပုဂံမြို့ရဲ့ အလှအပတွေကို ခံစားရင်း ပျော်ရွှင်နေပုံပါပဲ။ ပရိသတ် ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ ပုဂံရောက်အမှတ်တရ ပုံရိပ်တွေကို သဘော ကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်။

Rowena
Source: Aye Thaung’s fb, Reference& Credit:momolay.com

Comments are closed.