နိုင်ငံ(၄)နိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် နေတိုး

နိုင်ငံ(၄)နိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် နေတိုး


ဒီတစ်ခေါက်မှာလည်း နေတိုးက အာရှနိုင်ငံ (၄) နိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် “ကောင်းကင်မရှိတဲ့ ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁၀) ရက်နေ့မှာတော့ နေတိုးက “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားနဲ့ မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်လာတာကို တွေ့ရပါတယ်။

မိုမိုလေးပရိသတ်တွေအတွက် မင်းသားချော နေတိုးရဲ့ “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင် ဇာတ်ကားကြီး ပွဲတက်အခမ်းအနားတွေကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက် ပါတယ်နော်။

“ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာသရုပ်ဆောင်များအနေနဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်နဲ့ အေးမြတ်သူတို့က ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

နေတိုးကတော့ သူချစ်တဲ့ ပရိသတ်တွေအတွက် ခံစားမှုရသ မတူညီတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေကို ချပြဖို့ ကြိုးစားနေသူပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နေတိုးရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးနော်။

Rowena
Source: Nay Toe’s fb, Reference& Credit:momolay.com

Comments are closed.