(၂)လသားအရွယ်လေးနဲ့ထွားကြိုင်းဖွံ့ဖြိုးလှတဲ့ သား ငယ်လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပရိတ်သတ်အား ပြသလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ချစ်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရုံသာမက အနုပညာအလုပ်နဲ့ပက်သတ်လာရင် လည်း တစ်နေ့ထက်တစ်နေ့ အောင်မြင်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က ပြီးခဲ့တဲ့လပိုင်းကပဲ ချစ်စရာကောင်းတဲ့ ဒုတိယမြောက်သားလေးကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

အခုဆိုရင် နှိုင်းယှဉ်မြင့်မိုရ်က အလုပ်တွေလည်းအဆင်ပြေပြီး ချစ်စရာကောင်းတဲ့သားချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ပြီး ပြီးပြည့်စုံတဲ့ဘဝလေးကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က (၂) လမပြည့်သေးတဲ့ အရွယ်လေးနဲ့ ထွားကြိုင်းဖွံ့ဖြိုးတဲ့ သားငယ်လေးရဲ့ပုံရိပ်ကို ပြသလာပြီး

“နိုနိုင်းလေးက 2လမပြည့်သေးပေမယ့် အကောင်ထွားတော့ အိမ်ကလူတွေ ကြာကြာမချီနိုင်ဘူး😁” ဆိုပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးရဲ့ ပုံရိပ်လေးကို ပြသလာခဲ့ပါတယ်။နှိုင်းယှဉ်မြင့်မိုရ်ကတော့ သားကြီးသုသုအပြင် အခုဆိုရင် အချစ်တွေပေးရမယ့် သားငယ် နိုနိုင်းလေးကိုလည်း ပိုင်ဆိုင်နေပြီမို့ နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့ မိခင်တစ်ယောက်ပဲဖြစ်ပါတယ်။

Credit ; Myanmar Celebritiesmdatenews

Advertisement

mdatenews

[zawgyi]



Advertisement



mdatenews

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*