အာမခံပေး မပေး လာမယ့်ရုံးချိန်းမှာ အမိန့်ချမည်

အာမခံပေး မပေး လာမယ့်ရုံးချိန်းမှာ အမိန့်ချမည်

နေပြည်တော်၊ အောက်တိုဘာ ၉ – ဗစ်တိုးရီး ယားအမှုမှာ သံသယတရားခံ  အ ဖြစ် စွပ်စွဲခံ ထားရတဲ့ ကိုအောင်ကြီး ကို အာမခံပေး မပေး လာမယ့်  ကိုး ကြိမ်မြောက်  ရုံးချိန်းမှာ အမိန့် ချ မယ်လို့  ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။တရားလွှတ်တော်  ရှေ့နေ  ဦး ခင်မောင်ဇော်က “နောက်တစ်ချိန်း ကျရင် အဲဒါအတွက် အမိန့်ချမယ်၊ အာမခံပေး မပေး”လို့ ပြောပါတယ်။

ရှစ်ကြိမ်မြောက် ရုံးချိန်းမှာ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင် မောင်ဇော်က အောင်ကြီး  အာမခံ ရရှိရေး ရုံးတော်ကို လျှောက်လဲ ချက်  တင်ပါ တယ်။  ဒါပေမဲ့ အစိုးရ ဥပဒေ အရာ ရှိ က အာမခံအတွက် လျှောက်လဲ ချက်ကို ကန့်ကွက်ခဲ့ ပါတယ်။ဦးခင်မောင်ဇော်က ပြီးခဲ့တဲ့ ရုံး ချိန်းတွေမှာ အမှုနဲ့ တိုက်ရိုက်ဆက် စပ်နေတဲ့ သူတွေရဲ့ ထွက်ဆိုချက် တွေဟာ အောင်ကြီး မဟုတ် ကြောင်း   ထင်ရှားနေပြီး ကလေး  ကိုယ်တိုင်လည်း အောင်ကြီး ကို မသိကြောင်း ထွက်ဆိုထားတဲ့ အ တွက် အောင်ကြီးကို အာမခံ ပေး သင့်တယ်လို့ ဆိုပါတယ်။

အစိုးရရှေ့နေ ဥပဒေအရာရှိ ကလည်း သည်အမှုဟာ သာမန် အမှုမျိုး မဟုတ်ဘဲ ထူးခြားတဲ့ အမှု ဖြစ်တဲ့ အတွက် ရုံးတော်အနေနဲ့  အာ မခံ လျှောက်ထားမှုကို လွယ် လွယ်ကူကူ လက်မခံသင့်ကြောင်း နဲ့ အာမခံပေးသင့်တဲ့ ပုဒ်မမျိုး မ ဟုတ်ကြောင်း စတဲ့အချက်တွေ ထောက်ပြ ကန့်ကွက်ခဲ့တယ်လို့  သိရပါတယ်။သည့်အတွက် လာ မယ့် ကိုး ကြိမ်မြောက် ရုံးချိန်းမှာတော့  ကို အောင်ကြီးကို အာမခံပေး မပေး တရားသူကြီး က ဆုံးဖြတ်ပြီး အမိန့် ချမှတ်မှာ ဖြစ် ပါတယ်။

ကိုအောင်ကြီး ရဲ့ ဖခင်ဦးမြ သိန်းက “ကျွန်တော့်သားကလဲ ဒီအမှုနဲ့ ပတ်သက်ပြီး ငြိစွန်းမှု မရှိ တဲ့အတွက် ရမယ်ထင်တယ်”လို့ ပြောပါတယ်။ရှစ်ကြိမ်မြောက်  ရုံးချိန်းမှာWisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာ လှိုင်ရဲ့  ခင်ပွန်းဖြစ်သူ ရဲအုပ် ရန် နောင်စိုးနဲ့ ကျောင်းဖယ်ရီကား မောင်းသူ  နှစ်ဦးကို စစ်ဆေးမေး မြန်းပါတယ်။ရဲအုပ်ရန်နောင်စိုးကို ကို အောင်ကြီးရဲ့ ရှေ့နေ  ဒေါ်စုဒါလီ အောင်က စစ်ဆေးမေးမြန်းရာမှာ ရဲအုပ်ရဲ့ ထွက်ဆိုချက် အချို့က အောင်ကြီးပေးထားတဲ့ ထွက်ဆို ချက်တွေနဲ့ ကွဲလွဲနေတယ်လို့ အောင်ကြီးရဲ့ ရှေ့နေတွေဘက်က ပြောပါတယ်။

ရှေ့နေဒေါ်စုဒါလီအောင်က “ရဲရဲ့ ထွက်ဆိုချက်ထဲမှာတော့ အ များကြီး ထူးခြားတာတော့ မပါဘူး၊  ဒါပေမဲ့ ကျွန်မတို့   ကိုအောင်ကြီး ပေးထားတဲ့ Instruction နဲ့ မေး မြန်းတဲ့အခါမှာ ကိုက်ညီမှု မရှိတာ တော့ တွေ့ရတယ်၊ ကွဲလွဲတာ တော့ တွေ့ရတယ်”လို့ ပြောပါ တယ်။လာ မယ့် ကိုးကြိမ်မြောက်ရုံး ချိန်းကို အောက်တိုဘာလ ၂၃ ရက် နေ့ ချိန်းဆိုထားပါတယ်။  သည် ရုံး ချိန်းမှာ Wisdom Hill မူကြို ကျောင်းက စီစီတီဗီ အပ်နှံသူနဲ့ ကျောင်းမှ ဆရာမ နှစ်ဦးကို စစ် ဆေးမေးမြန်းသွားမှာ ဖြစ်ပါတယ်။ပြည်သူတွေ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့  ဆရာမ နှင်းနု  ကတော့ လာမယ့် ကိုးကြိမ်မြောက် ရုံးချိန်း စစ်ဆေးမေးမြန်း ခံရမယ့် သူတွေထဲမှာ မပါဝင်သေးဘူးလို့ သိရပါတယ်။

Credit-ကုမုဒြာ  မှ ကူးယူဖော်ပြသည်။

Comments are closed.