

ထိုင်းအလှမယ်ဆွန် ဆွန်အနေဖြင့် မြန်မာနိုင်ငံ၌ အနု ပညာအလုပ်များ လုပ်ကိုင်လာရ သည့်အပေါ် ဝမ်းသာကြောင်း အဆိုတော် ဟန်ထူးဈာန်ကပြော သည်။ ‘‘ဆွန်ဆွန့်ကို အစောက တည်းက ကိုယ်ကိုယ်တိုင်လည်း ချစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က တကယ့် ကို Talent ရှိတဲ့သူတစ်ယောက်ပေါ့။ တချို့ကမေးကြတယ်။ ဒီလိုမျိုး ရုပ်ဆိုးတဲ့သူများနိုင်ငံက သူကို ဘာကြောင့် မြှင့်တင်ရတာလဲ ပေါ့။ သူကကျတော့ ရုပ်ဆိုးတယ် ဆိုပေမယ့် အနုပညာမှာ အရမ်း တော်တယ်’’ ဟု ၎င်းကပြော သည်။

ထိုင်းအလှမယ် ဆွန်ဆွန်ကို ဟန်ထူးဈာန်၏ ဖေ့စ်ဘွတ်ခ်ဆယ် လီသီချင်းတွင် ပါဝင်သရုပ်ေ ဆာင် ပြီး နောက်ပိုင်း မြန်မာနိုင်ငံက ထုတ်လုပ်ရေးပိုင်ရှင်နှင့် ဒါရိုက် တာအချို့က သဘော ကျသဖြင့် ဇာတ်ကားများ ခေါ်ယူရိုက်ကူး ခြင်းဖြစ်သည်။ ‘‘ဟန်ထူးဈာန်ကို ဆက် သွယ်လာကြ တယ်။ သူနဲ့ရိုက်ရ တာအဆင်ပြေရဲ့လားပေါ့။ ကိုယ် ကလည်းအရမ်းအဆင်ပြေတယ်။ သရုပ်ဆောင်တာလည်းအရမ်း တော်တယ်။ ဒါရိုက်တာပြောတဲ့ စကားတွေသူနားမလည်ေ ပ မယ့် နားလည်သလိုပဲတကယ်လုပ် သွားတယ်။ အခုဆိုကိုမြင့်မြတ်နဲ့ လည်း ဇာတ်ကား ရိုက်ထားတယ် ဆိုတော့ ဇာတ်ကားထွက်ရင် လည်းသွားအားပေးမှာပါ’’ ဟု ၎င်းက ပြောသည်။


Credit :www.7daydaily.com မှ ကူးယူဖော်ပြသည်။

Comments are closed.