
အောင်လ ကို အလွယ်တကူအနိုင် ရရန် မဖြစ်နိုင်ဟု ဘရန်ဒန်ဗီရာပြော
အောင်လအန်ဆန်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ အောင်လအန်ဆန်နဲ့ စိန်ခေါ်ထိုးသတ်မယ့် ONE Championship ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက ပြောကြား လိုက်ပါတယ်။ONE CENTURY လို့အမည်ပေးထားတဲ့ ONE Championship နိုင်ငံတကာက ကိုယ်ခံပညာသိုင်းပေါင်းစုံချန်ပီယံဆုရသူတွေ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် အကြိမ် ၁၀၀ မြောက် ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၀ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှင်ဂျူခု Park Towerမှာ ပြုလုပ်ရာမှာ ပြောသွားတာပါ။

သတင်းစာရှင်းလင်းပွဲမှာ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက “ချန်ပီယံဆု နှစ်ခုကို သိမ်းပိုက်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်တာဖြစ်တယ်။ တန်ဖိုးထား လေးစားရတဲ့ အောင်လအန်ဆန်ဟာ ဆရာတူပြိုင်ဘက်တွေဖြစ်လို့ လွယ်လွယ်ကူကူတော့မဖြစ်နိုင်ဘူး” လို့ပြောပါတယ်။မြန်မာ့ဂုဏ်ဆောင် လိုက်ဟဲဗီးဝိတ်ချန်ပီယံအောင်လအန်ဆန်ကလည်း သူဟာ ငယ်ရွယ်စဉ်က ဗီရာရဲ့ပရိသတ်တယောက်ဖြစ်ပြီး အားကျခဲ့ရသူဖြစ်ကြောင်း၊ နောက်ပိုင်း အသင်း တခုထဲမှာ အတူတူ လေ့ကျင့်ကစားခဲ့ရကြောင်း၊ အခုအချိန်မှာ သူအနေနဲ့ ၆ လလောက် အပြင်းအထန်လေ့ကျင့်ထားလို့ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိလို့ လာမယ့် တနင်္ဂနွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ပြန်လည်ပြောသွားပါတယ်။

ONE CENTURY ပြိုင်ပွဲကို တိုကျိုမြို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီက စတင်ကျင်းပမှာဖြစ်ပြီး အပိုင်း ၂ ပိုင်းခွဲ ကျင်းပမှာပါ။အဓိကပွဲစဉ်အဖြစ် ဒုတိယပိုင်းမှ အောင်လအန်ဆန်က ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာရဲ့စိန်ခေါ်မှုကို ချန်ပီယံကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။အသက် ၄၃ နှစ်အရွယ်ရှိ ဗီရာဟာ ပြိုင်ပွဲတွေနဲ့ ကင်းကွာနေတာကြာပြီမို့ အောင်လအန်ဆန်ကို အနိုင်ရပါ့မလားလို့သုံးသပ် သူတွေရှိသလို ဗီရာဟာ အရပ်အမောင်းနဲ့ အတွေ့အကြုံရင့်ကျက်မှုမှာ ပိုသာတာကြောင့် အောင်လအန်ဆန်အနေနဲ့ ချန်ပီယံ ခါးပတ်ကို ဆက်လက်ထိမ်းနိုင်ပါ့မလားလို့ သုံးသပ်ပြောဆိုနေသူတွေလည်း ရှိပါတယ်။အောင်လအန်ဆန်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူနိုင်အောင် အကောင်ဆုံးပြသ သွားမယ်လို့ ဒီဗွီဘီ သတင်းဌာနကို သီးသန့် ပြောပါတယ်။
Credit-ဒီဗွီဘီ မှ ကူးယူဖော်ပြသည်။
[Unicode]
အောင်လအန်ဆန်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ အောင်လအန်ဆန်နဲ့ စိန်ခေါ်ထိုးသတ်မယ့် ONE Championship ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက ပြောကြား လိုက်ပါတယ်။ONE CENTURY လို့အမည်ပေးထားတဲ့ ONE Championship နိုင်ငံတကာက ကိုယ်ခံပညာသိုင်းပေါင်းစုံချန်ပီယံဆုရသူတွေ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် အကြိမ် ၁၀၀ မြောက် ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၀ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှင်ဂျူခု Park Towerမှာ ပြုလုပ်ရာမှာ ပြောသွားတာပါ။

သတင်းစာရှင်းလင်းပွဲမှာ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက “ချန်ပီယံဆု နှစ်ခုကို သိမ်းပိုက်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်တာဖြစ်တယ်။ တန်ဖိုးထား လေးစား ရတဲ့ အောင်လအန်ဆန်ဟာ ဆရာတူပြိုင်ဘက်တွေဖြစ်လို့ လွယ်လွယ်ကူကူ တော့မဖြစ် နိုင်ဘူး” လို့ပြောပါတယ်။မြန်မာ့ဂုဏ်ဆောင် လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆ န်ကလည်း သူဟာ ငယ်ရွယ်စဉ်က ဗီရာရဲ့ပရိသတ်တယောက်ဖြစ်ပြီး အားကျခဲ့ရသူ ဖြစ် ကြောင်း၊ နောက်ပိုင်း အသင်း တခုထဲမှာ အတူတူ လေ့ကျင့်ကစားခဲ့ရကြောင်း၊ အခုအချိန် မှာ သူအနေနဲ့ ၆ လလောက် အပြင်းအထန်လေ့ကျင့်ထားလို့ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိလို့ လာမယ့် တနင်္ဂနွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ပြန်လည်ပြောသွားပါတယ်။

ONE CENTURY ပြိုင်ပွဲကို တိုကျိုမြို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီက စတင်ကျင်းပမှာဖြစ်ပြီး အပိုင်း ၂ ပိုင်းခွဲ ကျင်းပမှာပါ။အဓိကပွဲစဉ်အဖြစ် ဒုတိယပိုင်းမှ အောင်လအန်ဆန်က ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာရဲ့စိန်ခေါ်မှုကို ချန်ပီယံကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။အသက် ၄၃ နှစ်အရွယ်ရှိ ဗီရာဟာ ပြိုင်ပွဲတွေနဲ့ ကင်းကွာနေတာကြာပြီမို့ အောင်လအန်ဆန်ကို အနိုင်ရပါ့မလား လို့သုံး သပ် သူတွေရှိသလို ဗီရာဟာ အရပ်အမောင်းနဲ့ အတွေ့အကြုံရင့်ကျက်မှုမှာ ပိုသာတာ ကြောင့် အောင်လအန်ဆန်အနေနဲ့ ချန်ပီယံ ခါးပတ်ကို ဆက်လက်ထိမ်းနိုင်ပါ့မလားလို့ သုံးသပ်ပြောဆိုနေသူတွေလည်း ရှိပါတယ်။အောင်လအန်ဆန်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူနိုင်အောင် အကောင်ဆုံးပြသ သွားမယ်လို့ ဒီဗွီဘီ သတင်းဌာနကို သီးသန့် ပြောပါတယ်။
Credit-ဒီဗွီဘီ မှ ကူးယူဖော်ပြသည်။