လောကကြီးကိုအရှုံးပေးသွားတဲ့ကိုရင် လေးရဲ့အကြော င်း ကို ဝမ်းနည်းစွာနဲ့ရင်ဖွင့်လာတဲ့ သံစဉ်မောင်

အနုပညာညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင်က ကျရာနေရာမှာ တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သူတွေဖြစ်ပါ တယ်။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင်က ညီအစ်မအရင်းတွေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူင ယ်ချင်းတွေလိုပဲ ပေါင်းသင်းဆက်ဆံကြသူတွေ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မနှစ်ယောက်စလုံးကို အားပေးကြပါတယ်။ မကြာသေး ခင်ကာလတွေမှာတော့ သံစဉ်မောင်နဲ့ နေဒွေးကြားမှာ ဖြစ်ခဲ့တဲ့ကောလဟာ လတွေကြောင့် ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်သူမတို့ကို ချစ်ကြတဲ့ ပရိသတ်တွေရဲ့အားပေးမှုနဲ့ ရပ်တည်နေခဲ့တာကြောင့် ခုဆိုရင်ပျော်ရွင်နေပြီဖြစ်ပါတယ်နော်

သံစဉ်မောင်ကတော့ အစ်မဖြစ်သူ ဘေဘီမောင်နဲ့အတူ အိမ်ကကိုယ်ပိုင်စီးပွားရေးကိုဘဲ ဝိုင်းကူပြီးလုပ်ပေးနေသူ ဖြစ်ပါတယ်။မကြာသေးခင် ကလည်း သံစဉ်မောင်ရဲ့ Instagram story တွင် ဝမ်းနည်းစရာ သတင်းလေးတစ်ခု တင်ပေးလာတာဖြစ်ပါတယ်။

ဒါကတော့ သူမနဲ့ တရားစခန်းမှာ အတူဆုံဖူးတဲ့ ကိုရင်လေးတစ်ပါး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့အတွက် ပြောမပြတတ်အောင် နာကျင် ခံစားနေရတာ ဖြစ်ပါတယ်။ကွယ်လွန်သွားတဲ့ ကောင်လေးနဲ့ ပြောခဲ့တဲ့အမှတ်တရလေးတွေကိုလည်း ဝေမျှပေးထားတာ ဖြစ်ပါတယ်။” ဘာလို့များ ကိုယ့်ကိုကိုယ်သတ်သေတဲ့လမ်းကိုမှ ရွေးသွားတာလဲ

Advertisement

သုသုလေးရယ်” ၊ ” ကိုရင်ထွက်တော့ အိမ်မှာဆယ်ရက်လောက်လာနေပြီး စာလေးရေးပြီးထားခဲ့တယ် မက်ဆင်ဂျာကနေလည်း တစ်အိမ် လုံး ကို ကန်တော့ခဲ့ပါတယ်တဲ့ ဒါနောက်ဆုံး နှုတ်ဆက်သွားတာလား မောင်လေးရယ်” ဆိုပြီး ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း ဝမ်းနည်းနေတဲ့ သံစဉ်မောင်ကို အားပေး စကားလေး ရေးပေးခဲ့ကြပါအုံးနော်

Credit ; Cele Worldmdatenews

Be the first to comment

Leave a Reply

Your email address will not be published.


*