ဘယ်သူမှ မသိသေးတဲ့ B သွေးများ၏ အကြောင်းဆိုတာ

ဘယ်သူမှ မသိသေးတဲ့ B သွေးများ၏ အကြောင်းဆိုတာ

B သွေးများဟာ တစ်ယောက်ထဲ အေးအေးဆေးဆေး နေချင်ကြသူများဖြစ် ကြပါ တယ်။ အားတဲ့ အချိန်တိုင်း အခန်းထဲမှာ တစ်ယောက်တည်းနေရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ် ပါတယ်။

သိပ်မခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင် ခပ်တည်တည်နေတတ်ပြီးအရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ နားညဉ်းအောင် ပြောတတ်တာ B သွေးတွေပါလူတိုင်းကိုမခင်တတ်လို့ မာနကြီး တယ်လို့ အထင်ခံရတတ်ပြီး ပေါင်းကြည့်မှတကယ်ကို ရိုးသားဖြူစင်မှန်း သိကြတာပါ

မိသားစုထဲမှာပဲဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပိုဂရု စိုက်၊ ပိုချစ်တာ လိုချင်တတ်ကြပါတယ်.အလိုလိုက်ခံရရင်လည်း အရမ်းပျော်တတ်ကြပါတယ် အရမ်းခင်တဲ့လူတွေအပေါ် တကယ့်စိတ်ရင်းမပါဘဲ ချစ်စနိုးနဲ့အနိုင်ကျင့်တတ်သလို ကိုယ့်ကို အနိုင်ကျင့်ရင်လည်း အလျော့ပေးတတ်ပါတယ်

ခဏခဏစိတ်ကောက်တတ်ပီး ဘယ်သူမှပြန်ချော့စရာမလိုပဲ အလိုလိုစိတ်ကောက်ပြေသွား တတ်တာလည်း B သွေးတွေပါပဲဝမ်းနည်းလွယ်ပီး မျက်ရည်အကျ မြန်တတ်ပါတယ် ပျော်စရာ ကိစ္စတစ်ခုကို အကြာကြီး မခံစားတတ်ပေမယ့်

ဝမ်းနည်းစရာကိစ္စနဲ့ကြုံလာပါက ပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက် မျက်ရည်ကျလိုက် ဖြစ်နေတတ်ကြပါတယ်အရမ်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကို ပဲ့ထပ်ခါထပ်ခါ နားထောင်တတ်တာ လည်း B သွေးတွေရဲ့စရိုက်တစ်မျိုးပါ

စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို အချိန်ခဏလေးနဲ့တတ်မြောက်ပေမယ် စိတ်မဝင်စား တဲ့အကြောင်းအရာဆိုပါက မည်သို့ပင် အကျိုးရှိစေကာမူ လှည့်မကြည့်တတ်ကြပါအချစ်ရေး နဲ့ပတ်သက်လာရင်တော့ အားနည်းချက်အနည်းငယ် ရှိတတ်ကြပါတယ်

သံသယစိတ်အနည်းငယ် ဝင်တတ်ပီး ကိုယ့်ကိုယ်ကိုယ်လည်းမ ယုံကြည်တတ်ကြပါဘူး အချစ်ရေးထက် မိသားစုအရေးကို ပိုဦးစားပေးတတ်ကြပါတယ် မိသားစုအတွက် အမြဲကြိုး စားနေပီး စိတ်ချမ်းသာပျော်စေချင်တာ B သွေးတွေပါ။ခရက်ဒစ် ဗဟုသုတbank





ဝမျးနညျးစရာကိစ်စနဲ့ကွုံလာပါက ပြနျတွေးလိုကျ စိတ်မကောငျးဖြစ်လိုကျ မျကျရည်ကျလိုကျ ဖြဈနတေတျကွပါတယျအရမျးကွိုက်တဲ့သီချငျးတစ်ပုဒ်ကို ပဲ့ထပ်ခါထပ်ခါ နားထောင်တတ် တာလညျး B သွေးတွရေဲ့စရိုက်တစ်မိုးပါ



Comments are closed.