မိခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးကို အမှတ်တရပုံ လေးတွေနဲ့အတူ အဝေးကနေ ကန်တော့ပန်ဆင်လာ ခဲ့တဲ့ Rဇာနည်

အဆိုတော် Rဇာနည် ကတော့ ယခုတလောမှာ ပြည်သူ့ပရိသတ်တွေ လေးစားချစ်ရတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ လူထုဆန္ဒပြပွဲကြီးတွေ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ အချိန်ကာလကတည်းက ယခုအချိန်ထိ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုပါဝင်လုပ်ဆောင်မှုကြောင့် ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူခံထားရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချစ်ရတဲ့ မိသားစုတွေနဲ့ ဝေးကွာပြီး လွတ်မြောက်နေမြေတစ်နေရာမှာ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ ဒီလိုစွန့်လွှတ် အနစ်နာခံပြီး အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်တပ်တစ်အားပါဝင်နေတဲ့ Rဇာနည်ကို ပြည်သူ့ပရိသတ်တွေက လေးစားချစ် ခင်နေရတာဖြစ်ပါတယ်။ ယခုမှာလည်း ဒီကနေ့မှာကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးကို အဝေးကနေ ကန်တော့ပန်ဆင်လာခဲ့တာ တွေ့ရပါတယ်။

“Happy Birthday ပါမေမေ မေမေ့ အရင်မွေးနေ့ တွေမှာ ရိုက်ထားတဲ့ ပုံ အချို့နဲ့ Wish လုပ်ပြီး ဒီနှစ်တော့ အဝေးကနေ ကန်တော့လိုက် ပါတယ် …မကြာခင်ပြန်ဆုံမယ်နော် အရမ်းချစ်တယ် အာဘွား ” ဆိုပြီး ကြည်နူးစရာ ရေးသားထားတာဖြစ်ပါတယ်။ အရာအားလုံးကို စွန့်ခွာပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေချိန်မှာ အဝေရောက်နေပေမယ့် မိခင်ရဲ့ မွေးနေ့လေးကိုသတိတရနဲ့ ကန်တော့ န်ဆင်ခဲ့တာကတော့ တကယ့်ကို မွန်မြတ်လှပါတယ်။ ပရိသတ်တွေကလည်း ချစ်ရတဲ့သူတွေနဲ့ အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်အောင် Rဇာနည်အတွက် ဆုတောင်းပေးလိုက်ပါဦးနော်…။

သတင်းအရင်းအမြစ်៖ Source – Zarni Myonyunt

Advertisement

[zawgyi]

အဆိုေတာ္ Rဇာနည္ ကေတာ့ ယခုတေလာမွာ ျပည္သူ႔ပရိသတ္ေတြ ေလးစားခ်စ္ရတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ လူထုဆႏၵျပပြဲႀကီးေတြ စည္ကားသိုက္ၿမိဳက္စြာက်င္းပခဲ့တဲ့ အခ်ိန္ကာလကတည္းက ယခုအခ်ိန္ထိ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္း ပါဝင္ေနခဲ့တာျဖစ္ပါတယ္။ ဒီလိုပါဝင္လုပ္ေဆာင္မႈေၾကာင့္ ၅၀၅ (က) ျဖင့္ အမႈဖြင့္အေရးယူခံထားရတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခ်စ္ရတဲ့ မိသားစုေတြနဲ႔ ေဝးကြာၿပီး လြတ္ေျမာက္ေနေျမတစ္ေနရာမွာ ေရွာင္တိမ္းေနရတာ ျဖစ္ပါတယ္။ ဒီလိုစြန႔္လႊတ္ အနစ္နာခံၿပီး အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ တစ္တပ္တစ္အားပါဝင္ေနတဲ့ Rဇာနည္ကို ျပည္သူ႔ပရိသတ္ေတြက ေလးစားခ်စ္ ခင္ေနရတာျဖစ္ပါတယ္။ ယခုမွာလည္း ဒီကေန႔မွာက်ေရာက္တဲ့ မိခင္ျဖစ္သူရဲ႕ ေမြးေန႔ရက္ျမတ္ေလးကို အေဝးကေန ကန္ေတာ့ပန္ဆင္လာခဲ့တာ ေတြ႕ရပါတယ္။

“Happy Birthday ပါေမေမ ေမေမ့ အရင္ေမြးေန႔ ေတြမွာ ႐ိုက္ထားတဲ့ ပုံ အခ်ိဳ႕နဲ႔ Wish လုပ္ၿပီး ဒီႏွစ္ေတာ့ အေဝးကေန ကန္ေတာ့လိုက္ ပါတယ္ …မၾကာခင္ျပန္ဆုံမယ္ေနာ္ အရမ္းခ်စ္တယ္ အာဘြား ” ဆိုၿပီး ၾကည္ႏူးစရာ ေရးသားထားတာျဖစ္ပါတယ္။ အရာအားလုံးကို စြန႔္ခြာၿပီး ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေနခ်ိန္မွာ အေဝေရာက္ေနေပမယ့္ မိခင္ရဲ႕ ေမြးေန႔ေလးကိုသတိတရနဲ႔ ကန္ေတာ့ န္ဆင္ခဲ့တာကေတာ့ တကယ့္ကို မြန္ျမတ္လွပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္ရတဲ့သူေတြနဲ႔ အျမန္ဆုံးျပန္လည္ဆုံေတြ႕ႏိုင္ေအာင္ Rဇာနည္အတြက္ ဆုေတာင္းေပးလိုက္ပါဦးေနာ္…။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*