သတို့သမီးဝတ်စုံလေးနဲ့ တစ်ယော က်တည်းအဝရိုက်ထားဦးမယ်ဆိုတဲ့ ဝတ်မှုံရွှေရည်

သတို့သမီးဝတ်စုံလေးနဲ့ တစ်ယော က်တည်းအဝရိုက်ထားဦးမယ်ဆိုတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်ေြ မာက် လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြား ပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီး တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က သတို့သမီးဝတ်စုံနဲ့ ပုံလေးတွေတင်ရင်း “အခုတော့ တစ်ယော က် တည်း အဝ ရိုက်ထားလိုက်အုံးမယ် 😁😬” ဆိုပြီး သူမကိုယ်သူမ စနောက်ထားတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က သူမရဲ့ ပရိသတ်တွေက အိမ်ထောင်မပြုစေချင်သေးတဲ့အတွက် တစ်ယောက် တည်းနေရင်းနဲ့ အခုဆိုရင် အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိလာတယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားလေ့ရှိပါတယ်။

ဒီနှစ် ဝါကျွတ်မှာလည်း အပျိုကြီး ဝတ်မှုံရွှေရည်က တစ်ကိုယ်တည်း ပျော်ရွှင်စွာ ဖြတ်သန်းမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Wutt Hmone Shwe Yi’s fb
Photo Credit: May & Co,Reference&Credit:momolay.com

Comments are closed.