စင်္ကာပူမှာကျင်းပတဲ့ Viber Event ကို ခင်မင်ရတဲ့ အနုပညာ မော င်နှ မတွေနဲ့ အတူတက်ခဲ့တဲ့ ဟန်နာယူရီ

စင်္ကာပူမှာကျင်းပတဲ့ Viber Event ကို ခင်မင်ရတဲ့ အနုပညာ မော င်နှ မတွေနဲ့ အတူတက်ခဲ့တဲ့ ဟန်နာယူရီ

မိတ်ကပ်ပညာရှင်မလေး ဟန်နာယူရီကတော့ ချစ်စရာ မျက်နှာလေးကြောင့်ရော၊ သူမရဲ့ မိတ်ကပ်ဖန်တီးလိမ်းခြယ်မှုကြောင့်ပါ လူကြိုက်များအောင်မြင်နေသူတစ်ဦးလဲ ဖြစ်ပါ တယ်။ သူမဟာ မျှော်လင်မထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရပေမယ့် အရှုံးမပေဘဲ ဘဝကို ရဲတင်းစွာ ပြန်လည် ကြိုးစားနေတဲ့ကောင်မလေးတစ်ယောက်လဲ ဖြစ်ပါတယ်။ လတ် တ လော မှာတော့ ဟန်နာယူရီက ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ စင်္ကာပူမှာ ပွဲတက်ခဲ့တဲ့ ပုံရိပ်ေ တွကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ ဟန် နာ ယူ ရီတို့ အနုပညာမောင်နှမတွေရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေး လိုက် ပါတယ်နော်။

ဟန်နာယူရီကတော့ “Rakuten Viber Asia Summit 2019 Event in Singapore 🇸🇬 စင်ကာပူမှာကျင်းပတဲ့ Viber Event လေးမှာ Myanmar ရဲ့ ကိုယ်စားပြု အနေဖြင့် Ri တို့ မောင်နှမတွေတက်ရောက်ခဲ့ပါတယ်။ အခြားနိုင်ငံတွေကအနုပညာရှင်C elebrities ,Influencers တွေနှင့်အတူSocial Medias တွေရဲ့ safety and privacy အကြောင်း ကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်ရှင်” ဆိုပြီး သူမရဲ့ ပွဲတက်ပုံရိပ်တွေကို ဝေမျှပေးထား တာပါ။

အဆိုပါပွဲမှာတော့ ဟန်နာယူရီအပြင် တစ်ခြားသော နာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ချစ်စရာကောင်မလေး ဟန်နာယူရီကတော့ လက်ရှိမှာ အလုပ်တွေကြိုးစားရင်း ဘဝကို အကောင်းဆုံးရှေ့ဆက်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ ဟန်နာယူရီတို့ သူငယ်ချင်းတစ်စုကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Hanna Yuri’s Facebook, Reference& Credit:momolay.com

Comments are closed.