ဆရာမတွေကို ဒေသခံတွေက ရည်းစားစကားပြောဖို့ ပြောဆိုမှုကို ပဲခူးတိုင်းဝန်ကြီးချုပ်က ပြန်လည်ေ တာင်းပန်ခဲ့ပါတယ်…..

ဆရာမတွေကို ဒေသခံတွေက ရည်းစားစကားပြောဖို့ ပြောဆိုမှုကို ပဲခူးတိုင်းဝန်ကြီးချုပ်က ပြန်လည်ေ တာင်းပန်ခဲ့ပါတယ်…..

ဆရာမများကို ဒေသခံများက ရည်းစားစကားပြောရန် တိုက်တွန်းခဲ့မှု ပဲခူးတိုင်းဝန်ကြီးချုပ် ပြန်လည်တောင်းပန်

ဆရာမများကို ဒေသခံ များက ရည်းစားစကားပြောရန် ပြောဆိုမှုသည် ထိခိုက်နစ်နာစေ လိုသည့်သဘောဖြင့် ပြောခဲ့ခြင်း မဟုတ်ဘဲ ထိုစကားကြောင့် နစ်နာမှုများရှိပါက တောင်းပန်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက 7Day Daily သတင်းစာအား ပြောသည်။

အောက်တိုဘာ ၅ ရက်က ပဲခူးတိုင်းဒေသကြီး နတ်တလင်း မြို့နယ် ဒမငယ်သစ်ချိုခြံကျေးရွာ ဒေသခံများနှင့် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲ၌ ကျေးရွာများတွင် ဝန်ထမ်း အိမ်ရာ မလိုစေရေးနှင့် ဆရာမြဲရေး ဆရာမများကို ဒေသခံလူငယ်များ က ရည်းစားစကား ပြောရန် ဝန်ကြီးချုပ်၏ ပြောကြားမှုအပေါ် ပညာရေးအသိုင်းအဝိုင်းက ပြင်း ထန်စွာ ပြစ်တင် ဝေဖန်မှုများ ရှိနေသည်။

ဝေးလံသည့်နေရာများတွင် ဆရာ၊ ဆရာမများ ကြာကြာ တာဝန်မထမ်းဆောင်နိုင်ဘဲ ပြန် သွားလေ့ရှိပြီး တာဝန်ထမ်းဆောင်သည့်ဒေသ၌ အိမ်ထောင်ကျသွား သူများသာ ထိုဒေသတွ င် မြဲမြံစွာ

တာဝန်ထားလေ့ရှိ၍ ၎င်းအနေဖြင့်ပေါ့ပေါ့ပါးပါး ပြောကြားခြင်းဖြစ် သည်ဟု ဦးဝင်းသိန်းက ဆိုသည်။

‘‘မြန်မာနိုင်ငံရဲ့ အခြေအနေ က အဲဒီအပေါ်မှာ Facility တွေ ကောင်းအောင်မပေးနိုင်ဘူး။ ရပ် ဝေးဒေသမို့ နေရာမပေးနိုင်တဲ့အ တွက်ကြောင့် ခဏခဏပြောင်း တာတွေရှိတယ်။ ဒီအတွက် ကျွန် တော်က ဆရာ၊ ဆရာမတွေကို အဲဒီလိုပြောလိုက်တဲ့အပေါ် သူတို့ ဘက်က Serious ဖြစ်သလား၊ ဖြစ်တယ်ဆိုရင် တောင်းပန်တယ်။ တောင်းပန်ပါတယ်နော်။ ကျွန် တော့်ဘက်ကတော့ ဘာမှမရှိပါ ဘူး။ ထိခိုက်နစ်နာစေလိုတဲ့စိတ် နဲ့ ပြောတာမဟုတ်ပါ ဘူး’’ဟု ဦးဝင်းသိန်းက ပြောသည်။

ပေါ့ပေါ့ပါးပါး ပြောလိုက် သော်လည်း ယခုကဲ့သို့ ဖြစ်ခြင်း ကြောင့် အလားတူ ကိစ္စမျိုး ထပ် မဖြစ်စေရေး နောင်တွင် သတိ ထားပြောမည်ဟုလည်း ၎င်းက ဆိုသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်အနေဖြင့် ပညာရေးဝန်ထမ်း များအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းကို ဖန်တီး ပေးရေး၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်ရေး အလေး အနက်စီမံပေးရမည့်အစား အမျိုး သမီးပညာရေးဝန်ထမ်းများ အ ကြမ်းဖက်ခံရမှု နှင့် ဘဝလုံခြုံမှုကို အချို့ရွာသူ၊ ရွာသားများက ထိပါး နှောင့်ယှက်စေရန် အားပေးလှုံ့ ဆော်သည့် စကားများ ပြောဆို ခြင်းကို ပြင်းထန်စွာကန့်ကွက် ကြောင်း အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂက အောက် တိုဘာ ၁၁ ရက်စွဲဖြင့် သဘော ထားကြေညာ သည်။

နိုင်ငံတော်အစိုးရ အကြီးအ ကဲများအနေဖြင့် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်ကို ထိရောက် သော အရေးယူမှုပြုလုပ်ရန် ထိုသမဂ္ဂက တောင်းဆိုသည်။

‘‘ဝန်ကြီးချုပ်တစ်ယောက် က လူအများဆုံးရှိတဲ့နေရာမှာ ဒီလိုလက်လွတ်စပယ် ပရမ်းပ တာ ပြောတာမျိုး ခဏခဏဖြစ်နေ တယ်ဆိုရင် မသင့်တော်ဘူး။ နောက်တစ်ကြိမ် တခြားဝန် ကြီး ချုပ်တွေကအစ ဒီလိုပြောဆိုတာ တွေ မလုပ်ရဲလာအောင် ထိထိ ရောက်ရောက် အရေးယူ ပြုဖို့လို ပြီ။ ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက အောက် ခြေမှာ ဆရာ၊ ဆရာမတွေ ရင် ဆိုင်နေရတာကို ဂဃနဏသိဖို့လို တယ်၊ ဖြေရှင်းပေးဖို့လိုတယ်’’ဟု ထိုသမဂ္ဂမှ ဦးဖြိုးဝေအောင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်အနေဖြင့် လက်လွတ်စပယ် ပြောကြားမှုအတွက် လူသိရှင် ကြား ပြန်လည်တောင်းပန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)က အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ် တောင်းဆို သည်။

ဆရာ၊ ဆရာမများ၏ နေ ထိုင်ရေးအခက်အခဲကို စစ်တမ်း ကောက်ယူကာ အစိုးရထံ တင်ပြ ပြီး လိုအပ်ချက်များ ဖြည့်ဆည်း ရန် ပညာရေးဝန်ကြီးဌာနသို့ MTF က တိုက်တွန်းထား သည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းသည် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုများ ရှိသော် လည်း ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြ ခံရသည်။ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မှုမရှိခြင်း၊ မြေယာ ပြဿနာများ ဖြေရှင်းနိုင်မှုမရှိ ခြင်း၊ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် ဖန်တီးနိုင်မှုမရှိခြင်း၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ကြပ်မတ် နိုင်မှုမရှိခြင်း စသည့်အချက်တို့ ကြောင့် ဝန်ကြီးချုပ် နုတ်ထွက် ပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ် ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

ထို့အပြင် ဝန်ကြီးချုပ် ဦးဝင်း သိန်း၏ ပြောစကားအချို့မှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ဝေဖန် ခံခဲ့ရပြီး ထင်ရှားသည့် ၎င်း၏ ပြောစကားအချို့မှာ ‘နဂါးနီ သီချင်းဆိုလို့ မချမ်းသာဘူး။ ခွပ် ဒေါင်းနဲ့မှ ချမ်းသာမှာ’၊ ‘ယခုနှစ် မိုးရာသီ ရေကြီးရေလျှံမှုဖြစ်ပွား၍ ကွင်းဆင်းလိုက်ကြည့်စဉ် ဒူး ခေါင်းအောက်ရှိသော ရေထဲ ပုဆိုး ခါးတောင်းကျိုက်၍ သွားရင်း အ သက်ကယ်အင်္ကျီပေးသော ဝန်ထမ်းကို ‘အသက်ကယ်အင်္ကျီ မဝတ်တော့ ပါဘူးကွာနော်။ ရတယ်။ မင်းတို့ ပြည်သူတွေကို ပေးလိုက်။ ငါတို့သေရင် သေပါ စေကွာနော်’ စသည်တို့ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် က ပဲခူးမြို့၌ ကျင်းပသည့် စွမ်း အားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်း စီမံ ကိန်းစတင်ခြင်း အလုပ်ရုံဆွေး နွေးပွဲတွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက စဉ့်လုပ်ငန်း ရှင် တစ်ဦးကို နျူကလီးယားဓာတ် ပေါင်းဖိုထုတ်လုပ်ရန်အထိ ကြိုး စားရန် တိုက်တွန်းခဲ့ သည်။

7Day News Journal လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်

Comments are closed.