Thanos အႏိုင္ရခဲ့ေသာ စူပါဟီး႐ိုးမ်ား

Thanos အႏိုင္ရခဲ့ေသာ စူပါဟီး႐ိုးမ်ား

သင္​ဟာ စူပါဟီး႐ိုး႐ုပ္​႐ွင္​​ေတြရဲ႕ပရိသတ္​ဆိုရင္​​ေတာ့ စူပါဟီး႐ိုး​ေတြအျပင္​ နာမည္​ႀကီးဗီလိန္​​ေတြကိုလည္​း​ေကာင္​း​ေကာင္​းသိမွာပါ။ဗီလိန္​​ေတြထဲမွာမွ ​ေနာက္​ဆံုးထြက္​႐ွိခဲ့တဲ့ Avengers:Infinity Warရဲ႕ အဓိကဗီလိန္​ႀကီး ကြၽန္​​ေတာ္​တို႔ကခ်စ္​စႏိုးနဲ႔ ​ေမာင္​သာႏိုးလို႔​ေခၚၾကတဲ့ Thanos ႀကီးကိုလည္​း ပူပူ​ေႏြး​ေႏြးၾကည္​့ခဲ့ၾကရမွာပါ။ဗီလိန္​ႀကီးဆို​ေပမယ္​့ စၾကာဝဠာဆက္​လက္​႐ွင္​သန္​ဖို႔ သတၱဝါတစ္​ဝက္​ကို ​ေဖ်ာက္​ပစ္​ခ်င္​ခဲ့တဲ့ Thanos ႀကီးကို ကြၽန္​​ေတာ္​တို႔အ​ေနနဲ႔ ဗီလိန္​ဟုတ္​ရဲ႕လား လူဆိုးဟုတ္​ရဲ႕လားလို႔​ေဝခြဲမရျဖစ္​ၾကပါတယ္​။ဒီ Thanos ႀကီးကို ဘယ္​သူ​ေတြကအႏိုင္​ရခဲ့ဖူးလဲ ၊ဖ်က္​ဆီးခဲ့ဖူးလည္​းဆိုတာ​လည္​းသိခ်င္​ၾကမယ္​ထင္​ပါတယ္​။ဒီ​ေတာ့ Marvel Timeline မွာ ဒီ​ေကာင္​ႀကီးကိုအႏိုင္​ရခဲ့တယ္​့ ဖ်က္​ဆီးႏိုင္​ခဲ့တဲ့သူ​ေတြအ​ေၾကာင္​း​ေျပာျပပါရ​ေစ။

၁။The Mighty Thor

Marvelရဲ႕ စူပါဟီး႐ိုး​ေတြမွာ စြမ္​းအားႀကီးမားတဲ့တူႀကီးကိုပိုင္​ဆိုင္​တဲ့ Thor ဟာ Thanos နဲ႔သာ တစ္​​ေယာက္​ခ်င္​းခ်ခဲ့ရရင္​ အသက္​႐ွင္​ႏိုင္​မွာ​ေသခ်ာပါတယ္​။ဒါ​ေပမယ္​့တကယ္​တမ္​းမွာ​ေတာ့ အသက္​႐ွင္​႐ုံတင္​မကပဲ သူ႔ရဲ႕တူုႀကီးနဲ႔ Thanos ႀကီးကိုမတ္​တပ္​​ေတာင္​မရပ္​ႏိုင္​​ေတာ့​ေအာင္​ ​ေကာင္​း​ေကာင္​းအႏိုင္​ယူခဲ့ဖူးပါတယ္​။

Comicအရ​ေတာ့ Thanos ဟာ infinity stone​ေတြကိုလက္​​ေလ်ွာ့လိုက္​ၿပီး တစ္​ျခားစြမ္​းအားႀကီးအရာသံုးခုျဖစ္​တဲ့ The Chalice of run,the map of all endingနဲ႔ the illumination stoneတို႔ကိုရယူၿပီး ပိုၿပီးစြမ္​းအားႀကီးလာဖို႔ပါ။အဲ့အခ်ိန္​မွာ Thorနဲ႔တိုက္​ခိုက္​ရၿပီး Thor က တစ္​​ေယာက္​ခ်င္​းအလဲထိုးႏိုင္​ခဲ့ပါတယ္​။ဒါ​ေပမယ္​့Thor ဟာ Thanos ကိုအဆံုးမသတ္​ခဲ့ပဲ မိနစ္​အနည္​းငယ္​သက္​ညႇာမႈ​ေပးခဲ့ပါတယ္​။ဒီအခ်ိန္​အတြင္​းမွာ Thorရဲ႕ အ​ေဖဟာ Thorကို ပိုအင္​အားႀကီးလာ​ေအာင္​ျပဳလုပ္​ႏိုင္​ခဲ့ပါတယ္​။

၂။Nebula

Infinity stone​ေတြနဲ႔လက္​အိတ္​ႀကီးရဲ႕ မူရင္​းဇာတ္​လမ္​းအမ်ားစုမွာ Thanos ဟာ စူပါဟီး႐ိုး​ေတြကို အ​ေႏွာင္​့အယွက္​ျဖစ္​​ေစျခင္​း၊ပ်က္​စီး​ေစျခင္​းသာျဖစ္​တာမို႔ အားလံုးဂ႐ုမစိုက္​မိၾက​ေတာ့တဲ့အခန္​းတစ္​ခု႐ွိပါတယ္​။အဲ့ဒါက​ေတာ့ Thanos ကိုယ္​တိုင္​ စူပါဟီး႐ိုး​ေတြနဲ႔​ေပါင္​းၿပီး Infinity Gauntletရ႐ွိသြားတဲ့ သူ႔ထက္​​ေၾကာက္​ဖို႔​ေကာင္​းတဲ့ Nebula ကိုရပ္​တန္​႔ဖို႔ႀကိဳးစားခဲ့ျခင္​းပါပဲ။

​ေျပာစရာကိုမလိုတာက​ေတာ့ဒါ​ေတြဟာ Thanos ႀကီးရဲ႕အမွား​ေတြက​ေနစျခင္​းပါပဲ။သူ႔ရဲ႕Gauntletကိုအသံုးျပဳခဲ့ျခင္​းဟာ Nebulaကိုမ​ေသ​ေစခဲ့တဲ့အျပင္​ Nebulaရဲ႕ရိရြဲ​ေနတဲ့အ​ေလာင္​းႀကီးကို ​ေျခလက္​​ေတြလိမ္​ပိန္​၊အသားစိုင္​​ေတြ​ေလာင္​ကြၽမ္​း​ေနတဲ့ အသိစိတ္​လည္​း​ေပ်ာက္​လုနီးပါးျဖစ္​သြားသူအျဖစ္​ ျပန္​လည္​အသက္​ဝင္​​ေစခဲ့ပါတယ္​။ပိုၿပီးရက္​စက္​သြားတဲ့ Nebula ဟာ Thanos နဲ႔​ေတြ႔တဲ့အခါ Gauntletကိုဆြဲယူသြားၿပီး Gauntletကိုလည္​း စူပါဟီး႐ိုး​ေတြ၊လူ​ေကာင္​း​ေတြကိုႏွိမ္​နင္​းဖို႔အသံုးမျပဳခဲ့ပဲ Thanos ႀကီးကို စၾကာဝဠာရဲ႕အနက္​ဆံုး​ေနရာ​ေတြဆီ ​ေမ်ာပါ​ေစခဲ့ပါတယ္​။

၃။The Magus

1992မွာထြက္​႐ွိခဲ့တဲ့ Infinity War comicဟာ​ေတာ့ ၂၀၁၈ထြက္​ဇာတ္​ကားနဲ႔အမ်ားႀကီးျခားနားခဲ့ပါတယ္​။အဲ့comicရဲ႕အစမွာ အဓိကဗီလိန္​ဟာ Thanos မဟုတ္​ခဲ့ပဲ Infinity Stones​ေတြကိုသံုးၿပီး စၾကာဝဠာကိုဖ်က္​ဆီးခ်င္​တဲ့ The Magusပဲျဖစ္​ပါတယ္​။The Magusဟာ Adam Warlockရဲ႕ အနာဂတ္​ပံု​ေျပာင္​းဗား႐ွင္​းတစ္​​ေကာင္​ျဖစ္​ပါတယ္​။ Thanos ဟာ Infinity stone​ေတြအ​ေပၚအဓိကကြၽမ္​းက်င္​သူျဖစ္​တာ​ေၾကာင္​့  The Magusဟာ Thanos ႀကီးရဲ႕ ကိုယ္​ပြားတစ္​​ေကာင္​ျပဳလုပ္​ၿပီး သူ႔အ​ေပၚသစၥာ႐ွိတဲ့ လူယံုႀကီးတစ္​​ေကာင္​ျဖစ္​​ေစပါတယ္​။အလားတူပဲ Marvelစူပါဟီး႐ိုး​ေတြရဲ႕ လူဆိုးဗား႐ွင္​း​ေတြကိုလည္​းကိုယ္​ပြားခဲ့ပါတယ္​။ဒါ့​ေၾကာင္​့ Thanos နဲ႔ Adam Warlockတို႔ဟာ Tha magusကိုယ္​ပြားထားတဲ့ Thanos နဲ႔ Adam Warlockတို႔နဲ႔တိုက္​ခိုက္​ခဲ့ရပါတယ္​။The Magusဟာ ဇာတ္​လမ္​းတစ္​​ေလ်ွာက္​ သူကိုယ္​ပြားထားတဲ့လူယံု​ေတာ္​ Thanos ႀကီးကို သူ႔ကြၽန္​လိုဆက္​ဆံခဲ့ပါတယ္​။ကြၽန္​လိုရက္​ရက္​စက္​စက္​ဆက္​ဆံခဲ့တဲ့ဲ့အခန္​း​ေတြလည္​းအမ်ားႀကီးပါဝင္​ခဲ့ပါတယ္​။ Thanos အစစ္​ကိုျပဳမူျခင္​းမဟုတ္​​ေပမဲ့လည္​း တကယ္​့ဗီလိန္​ႀကီးကိုလုပ္​ခ်င္​တိုင္​းလုပ္​ျပ​ေနတာျဖစ္​လို႔ တစ္​မ်ိဳးထူးျခားခဲ့ပါတယ္​။

၄။Gamora

Infinity Warရဲ႕မူလဇာတ္​လမ္​းမွာအဓိက​ေမးရဲတဲ့​ေမးခြန္​းက​ေတာ့ Thanos ထက္​ဘယ္​သူ​ေၾကာက္​ဖို႔​ေကာင္​းလဲဆိုတာပါပဲ။ဇာတ္​လမ္​းအရ Thanos ဟာ စၾကာဝဠာကိုတဝက္​မကပဲ လံုးဝ​ေဖ်ာက္​ဖ်က္​ခ်င္​​ေနတဲ့ Magus ႀကီးကိုတားဆီးဖို႔ Adam Warlockရဲ႕ team နဲ႔ပူး​ေပါင္​းတိုက္​ခိုက္​ရပါတယ္​။ဆိုးတာက​ေတာ့ Team ထဲမွာပါတဲ့ Drax နဲ႔ Gamoraတို႔ဟာ Thanos ကို ​ေသ​ေစခ်င္​​ေတြသူခ်ည္​းျဖစ္​ပါတယ္​။

Adam Warlockရဲ႕teamနဲ႔ Thanos တို႔​ေတြ႔ဆံုျခင္​းဟာ ​ေတာက္​​ေလ်ွာက္​ပူး​ေပါင္​းျခင္​းကိုမျဖစ္​​ေစခဲ့ပဲ တစ္​ခါမွာ​ေတာ့ တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​သတ္​ဖို႔ဦးတည္​ခဲ့ပါတယ္​။ Thanos ႀကီးဟာစြမ္​းအားပိုႀကီး​ေပမယ္​့ Gamoraက​ေတာ့ ပိုျမန္​တဲ့အတြက္​ လက္​ဦးမႈရယူႏိုင္​သြားၿပီး Thanos ရဲ႕လည္​​ေခ်ာင္​း႐ိုးကိုရက္​စက္​စြာထိုးႏွက္​ျပ​ီး အ႐ိုး​ေတြက်ိဳးကာ အ​ေၾကာ​ေသသလိုျဖစ္​သြား​ေစပါတယ္​။ဒီထိုးႏွက္​မႈကပဲ သူတို႔သားအဖအခ်င္​းခ်င္​းအျပန္​အလွန္​​ေလးစားမႈ႐ွိ​ေစၿပီး Thanos ကလည္​း Gamora ရဲ႕အစြမ္​းကိုပိုသ​ေဘာ​ေပါက္​ခဲ့ပါတယ္​။

၅။Star-Lord

စၾကာဝဠာကိုတစ္​ဝက္​ဖ်က္​ဆီးၿပီးခ်ိန္​မွာ​ေတာ့  Thanos ရဲ႕​ေနာက္​ဦးတည္​ခ်က္​က. Guardians of the galaxy ​ေတြပါပဲ။ Gamoraဟာ သူ႔ရဲ႕ဓားျဖစ္​တဲ့ God Slayer နဲ႔​ေတာင္​ Thanos ကိုမတားဆီးႏိုင္​​ေတာ့ခ်ိိန္​မွာ လ်ိႈ့ဝွက္​လက္​နက္​တစ္​ခုပဲက်န္​႐ွိပါ​ေတာ့တယ္​။ အဲ့ဒါက​ေတာ့ Cosmic cubeပါပဲ။

Comic အရ Peter Quillသာ Cosmic Cube နဲ႔ magus ကို​ေနာက္​ဆံုးတိုက္​ခိုက္​ခဲ့​ေပမယ္​့ Comic ဟာ Comic ထံုးစံအတိုင္​း အလွည္​့တစ္​ခု႐ွိပါတယ္​။  Star-lord က magus ကိုတိုက္​ခိုက္​မႈဟာ ကိုယ္​ပြားတစ္​ခုသာျဖစ္​ၿပီး Cosmic cube ကို​ေနာက္​ဆံုးတစ္​ႀကိမ္​အသံုးျပဳလို႔ရဦးမယ္​လို႔​ေသခ်ာ​ေစခဲ့ပါတယ္​။ဒီလိုနဲ႔ Cosmic Cube ကို က်ည္​ဆန္​အ​ေနနဲ႔ စြမ္​းအားအျပည္​့႐ွိ​ေနခ်ိန္​မွာ Thanos အ​ေပၚကိုပစ္​ခတ္​တိုက္​ခိုက္​လိုက္​ပါတယ္​။ဒါ့​ေၾကာင္​့ပဲ Thanos ဟာ စၾကာဝဠာတစ္​ခုလံုးကိုဖ်က္​ဆီးဖို႔ျပန္​လာခဲ့ပါတယ္​။

၆။Gladiator

Thanos ဟာ သူ႔ရဲ႕အ​ေဖအရင္​းျဖစ္​တဲ့ Imperial Guardနဲ႔ Imperial Guard ရဲ႕အ​ေပါင္​းအပါ​ေတြျဖစ္​တဲ့ Smasher, Oracle,Fang တို႔နဲ႔လည္​းတိုက္​ခိုက္​ခဲ့ရပါတယ္​။ Thanos ပင္​ပန္​းလာခ်ိန္​မွာ ဟိုဘက္​ကတိုက္​ခိုက္​ဖို႔ျပင္​လာတဲ့လက္​နက္​က​ေတာ့ Gladiator​ ေသနတ္​ႀကီးျဖစ္​ပါတယ္​။The Guardian ဟာ Thanos ကိုတစ္​ခ်က္​တည္​းနဲ႔အစိတ္​စိတ္​အမႊာမႊာကြဲ​ေစဖို႔ရည္​ရြယ္​ခဲ့ပါတယ္​။

၇။ Thanos ကိုအားလံုးနီးပါးအႏိုင္​ယူဖူးၾကပါတယ္​

Thanos သာ Cosmic cubeကိုအသံုးျပဳ ၿပီး သူ႔ကိုယ္​သူအနႏၱတန္​ခိုး႐ွင္​ျဖစ္​​ေစခဲ့ရင္​ ပိုဆိုးမွာ​ေသခ်ာပါတယ္​။ ဒါမွမဟုတ္​ပဲ avengers​ေတြနဲ႔ guardians of the galaxy​ေတြကို Cancerveseလို႔​ေခၚတဲ့တစ္​ျခား universe တစ္​ခုကိုပို႔လိုက္​တယ္​ဆိုရင္​​ေရာ။အဆိုး​ေကာအ​ေကာင္​း​ေကာတြဲ​ေနက​ေတာ့ ဒီ Universe ဟာပို႔​ေဆာင္​ခံရသူ​ေတြကို မ​ေသ​ေကာင္​​ေတြျဖစ္​​ေအာင္​ဖန္​ဆင္​းႏိုင္​ခဲ့ပါတယ္​။

၁၉၉၁မွာ Thanos က ​ေဖ်ာက္​ဖ်က္​ခဲ့တဲ့ စၾကာဝဠာအႀကီးအကဲ​ေတြဟာ Avengers​ေတြကိုျပန္​လည္​​ေခၚယူၿပီး လက္​နက္​အျပည္​့အစံုတပ္​ဆင္​ကာတိုက္​ခိုက္​​ေစပါတယ္​။ Thanos ဆီမွာ႐ွိ​ေနတဲ့cosmic cubeကလည္​း အ​ေမရိကန္​အစိုးရကျပဳလုပ္​ထားတဲ့ ပံုစံအတုႀကီးျဖစ္​​ေနျပန္​ပါတယ္​။ဒါ့​ေၾကာင္​့စြမ္​းအားမ႐ွိပဲ Avengers​ေတြသာမက Marvel Timelineကစူပါဟီး႐ိုးအားလံုးဟာ Thanos ကိုဝိုင္​းတိုက္​ခိုက္​ခဲ့ၾကပါတယ္​။

၈။Captain America

Infinity Gauntlet#4မွာ​ေတာ့ Thanos အ​ေနနဲ႔ စူပါဟီး႐ိုး​ေတြအားလံုးကိုတစ္​​ေယာက္​တစ္​မ်ိဳးစီပ်က္​စီး​ေအာင္​ ျပဳလုပ္​အၿပီးမွာ Capကက်န္​​ေနခဲ့ပါတယ္​။ Captain Americaဟာ Thanos ဆီကို​ေလ်ွာက္​သြားၿပီး မင္​းရန္​သူ​ေတြကိုတိုက္​ခိုက္​ႏိုင္​​ေန​ေပမယ္​့ဘယ္​​ေတာ့မွတကယ္​အႏိုင္​ရမွာမဟုတ္​ဘူးလို႔​ေျပာဆိုခဲ့ပါတယ္​။Captain Americaရဲ႕သ​ေဘာက​ေတာ့သူ​ေသရရင္​​ေတာ့ Thanos ႀကီးကို​ေျပာခ်င္​တာ​ေျပာရဖို႔ပါပဲ။

ဒီ​ေနာက္​​ေတာ့ Thanos ဟာ Capရဲ႕အ​ေျပာကို​ေတြ​ေဝသြားပါတယ္​။Adam Warlockနဲ႔စကား​ေျပာၿပီးခ်ိန္​မွာ​ေတာ့ သူဟာ Gauntlet​ေၾကာင္​့သာစြမ္​းအားႀကီးမား​ေနတာျဖစ္​​ေၾကာင္​းနားလည္​သြားၿပီး သူ႔ရဲ႕ဒီသိမႈကပဲသူ႔ကိုက်႐ႈံး​ေစခဲ့ပါတယ္​။

၉။Deadpool

စၾကာသဠာကိုတစ္​ဝက္​​ေဖ်ာက္​ဖ်က္​ခ်င္​တဲ့ Thanos နဲ႔ ​ေပါင္​းခ်င္​တဲ့သူ​ေကာ႐ွိပါ့မလား။ အင္​း။တစ္​​ေယာက္​​ေတာ့က်န္​ပါ​ေသးတယ္​ ။သူက​ေတာ့ Deadpoolပါပဲ။Deadpoolဟာ သူ႔ရဲ႕ကိုယ္​က ထိခိုက္​ဒဏ္​ရာရတိုင္​းျပန္​လည္​ျဖည္​့တင္​းၿပီး ​ေသြးျဖည္​့ႏိုင္​တယ္​ဆို​ေပမယ္​့ မ်က္​ႏွာကိုတိုက္​ခိုက္​ခံရရင္​​ေတာ့​ေသ​ေစႏိုင္​ပါတယ္​။တစ္​ခါမွာအဲ့လိုတိုက္​ခိုက္​ခံရလို႔​ေသမလိုျဖစ္​သြားၿပီး Deathနဲ႔ဆက္​ဆံ​ေရးတစ္​ခု​ေတာင္​ရ႐ွိခဲ့ပါတယ္​။

တစ္​ခ်ိန္​မွာ​ေတာ ့Death ဟာျပန္​​ေပးဆြဲခံရတဲ့အခါမွာ စၾကာဝဠာထဲကသူ​ေတြအားလံုးဟာတကယ္​မ​ေသတဲ့အခိုက္​အတန္​႔ကုိရ႐ွိသြားပါတယ္​။ဒါ့​ေၾကာင္​့ Dead poolနဲ႔ Thanos တို႔ဟာပူး​ေပါင္​းခဲ့ၾကပါတယ္​။ျပန္​​ေပးဆြဲခံရတ ဲ့Death ဟာ Dead poolနဲ႔သာဆက္​သြယ္​လိုၿပီးဆက္​သြယ္​တဲ့အခါမွာလည္​း Thanos ကိုဖ်က္​ဆီးဖို႔သာ​ေျပာဆိုခဲ့ပါတယ္​။

Dead poolရဲ႕ အကူအညီနဲ႔ Universe တစ္​ခုလံုးကိုစူပါဟီး႐ိုး​ေတြျဖစ္​သြား​ေစတဲ့ Captain Universeျဖစ္​သြား​ေစပါတယ္​။သူ႔ရဲ႕ Caltain uni-poolအ​ေနနဲ႔ပဲ Tharnosကိုစၾကာဝဠာ Dimensions​ေတြၾကားမွာပိတ္​မိသြား​ေစပါတယ္​။

၁၀။၁၉၇၀ comic က သာမန္​က​ေလးငယ္​မ်ား

Spidey super storiesဆိုတာက​ေတာ့ Marvel နဲ႔ လ်ွပ္​စစ္​ကုမၸဏီတစ္​ခုတို႔ပူး​ေပါင္​း​ေရးဆြဲခဲ့ျခင္​းျဖစ္​ပါတယ္​။ ၁၉၇၀က က​ေလး​ေတြကိုပညာ​ေပးဖို႔ရည္​ရြယ္​ျခင္​းလည္​းျဖစ္​ပါတယ္​။ Spidy stories#39မွာ​ေတာ့ Thanos ဟာ က​ေလးတစ္​​ေယာက္​လက္​က​ေန cube ကို ရ႐ွိဖို႔ႀကိဳးစားရပါတယ္​။

Thanos ဟာ စပိုက္​ဒါမန္​းနဲ႔တိုက္​ခိုက္​ရင္​းငလ်င္​တစ္​ခုကိုဖန္​ဆင္​းခဲ့ပါတယ္​။ ပညာ​ေပးဇာတ္​လမ္​းသာျဖစ္​လို႔ မူရင္​း Thanos ႀကီး​ေလာက္​ မၾကမ္​းပဲအလြဲလြဲအ​ေခ်ာ္​​ေခ်ာ္​ပါပဲ။ ငလ်င္​​ေၾကာင္​့ သူ႔လက္​ထဲကcubeဟာ လြတ္​က်သြားၿပီး cubeကို​ေကာက္​သြားသူက​ေတာ့စပိုဒ္​ဒါမန္​းမဟုတ္​ပါဘူး။အသက္​၇ႏွစ္​အရြယ္​ စကိတ္​သမား​ေလး Speedy ပါပဲ။ Speedy ဟာ Thanos ကို သူ႔​ေအာက္​ကျမက္​​ေတြနဲ႔ခ်ည္​​ေႏွာင္​​ေစခဲ့ၿပီးရဲ​ေတြလာတဲ့အထိ​ေစာင္​့​ေနပါတယ္​။ ဒါ့​ေၾကာင္​့ပဲစၾကာဝဠာ ဗီလိန္​ႀကီး Thanos ဟာ က​ေလးတစ္​​ေယာက္​​ေၾကာင္​့ jail​ ေအာင္​းခဲ့ရ႐ွာပါတယ္​။

[UNICODE FONT]

သင်ဟာ စူပါဟီးရိုးရုပ်ရှင်တွေရဲ့ပရိသတ်ဆိုရင်တော့ စူပါဟီးရိုးတွေအပြင် နာမည်ကြီးဗီလိန်တွေကိုလည်းကောင်းကောင်းသိမှာပါ။ဗီလိန်တွေထဲမှာမှ နောက်ဆုံးထွက်ရှိခဲ့တဲ့ Avengers:Infinity Warရဲ့ အဓိကဗီလိန်ကြီး ကျွန်တော်တို့ကချစ်စနိုးနဲ့ မောင်သာနိုးလို့ခေါ်ကြတဲ့ Thanos ကြီးကိုလည်း ပူပူနွေးနွေးကြည့်ခဲ့ကြရမှာပါ။ဗီလိန်ကြီးဆိုပေမယ့် စကြာဝဠာဆက်လက်ရှင်သန်ဖို့ သတ္တဝါတစ်ဝက်ကို ဖျောက်ပစ်ချင်ခဲ့တဲ့ Thanos ကြီးကို ကျွန်တော်တို့အနေနဲ့ ဗီလိန်ဟုတ်ရဲ့လား လူဆိုးဟုတ်ရဲ့လားလို့ဝေခွဲမရဖြစ်ကြပါတယ်။ဒီ Thanos ကြီးကို ဘယ်သူတွေကအနိုင်ရခဲ့ဖူးလဲ ၊ဖျက်ဆီးခဲ့ဖူးလည်းဆိုတာလည်းသိချင်ကြမယ်ထင်ပါတယ်။ဒီတော့ Marvel Timeline မှာ ဒီကောင်ကြီးကိုအနိုင်ရခဲ့တယ့် ဖျက်ဆီးနိုင်ခဲ့တဲ့သူတွေအကြောင်းပြောပြပါရစေ။

၁။The Mighty Thor

Marvelရဲ့ စူပါဟီးရိုးတွေမှာ စွမ်းအားကြီးမားတဲ့တူကြီးကိုပိုင်ဆိုင်တဲ့ Thor ဟာ Thanos နဲ့သာ တစ်ယောက်ချင်းချခဲ့ရရင် အသက်ရှင်နိုင်မှာသေချာပါတယ်။ဒါပေမယ့်တကယ်တမ်းမှာတော့ အသက်ရှင်ရုံတင်မကပဲ သူ့ရဲ့တူုကြီးနဲ့ Thanos ကြီးကိုမတ်တပ်တောင်မရပ်နိုင်တော့အောင် ကောင်းကောင်းအနိုင်ယူခဲ့ဖူးပါတယ်။

Comicအရတော့ Thanos ဟာ infinity stoneတွေကိုလက်လျှော့လိုက်ပြီး တစ်ခြားစွမ်းအားကြီးအရာသုံးခုဖြစ်တဲ့ The Chalice of run,the map of all endingနဲ့ the illumination stoneတို့ကိုရယူပြီး ပိုပြီးစွမ်းအားကြီးလာဖို့ပါ။အဲ့အချိန်မှာ Thorနဲ့တိုက်ခိုက်ရပြီး Thor က တစ်ယောက်ချင်းအလဲထိုးနိုင်ခဲ့ပါတယ်။ဒါပေမယ့်Thor ဟာ Thanos ကိုအဆုံးမသတ်ခဲ့ပဲ မိနစ်အနည်းငယ်သက်ညှာမှုပေးခဲ့ပါတယ်။ဒီအချိန်အတွင်းမှာ Thorရဲ့ အဖေဟာ Thorကို ပိုအင်အားကြီးလာအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။

၂။Nebula

Infinity stoneတွေနဲ့လက်အိတ်ကြီးရဲ့ မူရင်းဇာတ်လမ်းအများစုမှာ Thanos ဟာ စူပါဟီးရိုးတွေကို အနှောင့်အယှက်ဖြစ်စေခြင်း၊ပျက်စီးစေခြင်းသာဖြစ်တာမို့ အားလုံးဂရုမစိုက်မိကြတော့တဲ့အခန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Thanos ကိုယ်တိုင် စူပါဟီးရိုးတွေနဲ့ပေါင်းပြီး Infinity Gauntletရရှိသွားတဲ့ သူ့ထက်ကြောက်ဖို့ကောင်းတဲ့ Nebula ကိုရပ်တန့်ဖို့ကြိုးစားခဲ့ခြင်းပါပဲ။

ပြောစရာကိုမလိုတာကတော့ဒါတွေဟာ Thanos ကြီးရဲ့အမှားတွေကနေစခြင်းပါပဲ။သူ့ရဲ့Gauntletကိုအသုံးပြုခဲ့ခြင်းဟာ Nebulaကိုမသေစေခဲ့တဲ့အပြင် Nebulaရဲ့ရိရွဲနေတဲ့အလောင်းကြီးကို ခြေလက်တွေလိမ်ပိန်၊အသားစိုင်တွေလောင်ကျွမ်းနေတဲ့ အသိစိတ်လည်းပျောက်လုနီးပါးဖြစ်သွားသူအဖြစ် ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။ပိုပြီးရက်စက်သွားတဲ့ Nebula ဟာ Thanos နဲ့တွေ့တဲ့အခါ Gauntletကိုဆွဲယူသွားပြီး Gauntletကိုလည်း စူပါဟီးရိုးတွေ၊လူကောင်းတွေကိုနှိမ်နင်းဖို့အသုံးမပြုခဲ့ပဲ Thanos ကြီးကို စကြာဝဠာရဲ့အနက်ဆုံးနေရာတွေဆီ မျောပါစေခဲ့ပါတယ်။

၃။The Magus

1992မှာထွက်ရှိခဲ့တဲ့ Infinity War comicဟာတော့ ၂၀၁၈ထွက်ဇာတ်ကားနဲ့အများကြီးခြားနားခဲ့ပါတယ်။အဲ့comicရဲ့အစမှာ အဓိကဗီလိန်ဟာ Thanos မဟုတ်ခဲ့ပဲ Infinity Stonesတွေကိုသုံးပြီး စကြာဝဠာကိုဖျက်ဆီးချင်တဲ့ The Magusပဲဖြစ်ပါတယ်။The Magusဟာ Adam Warlockရဲ့ အနာဂတ်ပုံပြောင်းဗားရှင်းတစ်ကောင်ဖြစ်ပါတယ်။ Thanos ဟာ Infinity stoneတွေအပေါ်အဓိကကျွမ်းကျင်သူဖြစ်တာကြောင့်  The Magusဟာ Thanos ကြီးရဲ့ ကိုယ်ပွားတစ်ကောင်ပြုလုပ်ပြီး သူ့အပေါ်သစ္စာရှိတဲ့ လူယုံကြီးတစ်ကောင်ဖြစ်စေပါတယ်။အလားတူပဲ Marvelစူပါဟီးရိုးတွေရဲ့ လူဆိုးဗားရှင်းတွေကိုလည်းကိုယ်ပွားခဲ့ပါတယ်။ဒါ့ကြောင့် Thanos နဲ့ Adam Warlockတို့ဟာ Tha magusကိုယ်ပွားထားတဲ့ Thanos နဲ့ Adam Warlockတို့နဲ့တိုက်ခိုက်ခဲ့ရပါတယ်။The Magusဟာ ဇာတ်လမ်းတစ်လျှောက် သူကိုယ်ပွားထားတဲ့လူယုံတော် Thanos ကြီးကို သူ့ကျွန်လိုဆက်ဆံခဲ့ပါတယ်။ကျွန်လိုရက်ရက်စက်စက်ဆက်ဆံခဲ့တဲ့ဲ့အခန်းတွေလည်းအများကြီးပါဝင်ခဲ့ပါတယ်။ Thanos အစစ်ကိုပြုမူခြင်းမဟုတ်ပေမဲ့လည်း တကယ့်ဗီလိန်ကြီးကိုလုပ်ချင်တိုင်းလုပ်ပြနေတာဖြစ်လို့ တစ်မျိုးထူးခြားခဲ့ပါတယ်။

၄။Gamora

Infinity Warရဲ့မူလဇာတ်လမ်းမှာအဓိကမေးရဲတဲ့မေးခွန်းကတော့ Thanos ထက်ဘယ်သူကြောက်ဖို့ကောင်းလဲဆိုတာပါပဲ။ဇာတ်လမ်းအရ Thanos ဟာ စကြာဝဠာကိုတဝက်မကပဲ လုံးဝဖျောက်ဖျက်ချင်နေတဲ့ Magus ကြီးကိုတားဆီးဖို့ Adam Warlockရဲ့ team နဲ့ပူးပေါင်းတိုက်ခိုက်ရပါတယ်။ဆိုးတာကတော့ Team ထဲမှာပါတဲ့ Drax နဲ့ Gamoraတို့ဟာ Thanos ကို သေစေချင်တွေသူချည်းဖြစ်ပါတယ်။

Adam Warlockရဲ့teamနဲ့ Thanos တို့တွေ့ဆုံခြင်းဟာ တောက်လျှောက်ပူးပေါင်းခြင်းကိုမဖြစ်စေခဲ့ပဲ တစ်ခါမှာတော့ တစ်ယောက်နဲ့တစ်ယောက်သတ်ဖို့ဦးတည်ခဲ့ပါတယ်။ Thanos ကြီးဟာစွမ်းအားပိုကြီးပေမယ့် Gamoraကတော့ ပိုမြန်တဲ့အတွက် လက်ဦးမှုရယူနိုင်သွားပြီး Thanos ရဲ့လည်ချောင်းရိုးကိုရက်စက်စွာထိုးနှက်ပြီး အရိုးတွေကျိုးကာ အကြောသေသလိုဖြစ်သွားစေပါတယ်။ဒီထိုးနှက်မှုကပဲ သူတို့သားအဖအချင်းချင်းအပြန်အလှန်လေးစားမှုရှိစေပြီး Thanos ကလည်း Gamora ရဲ့အစွမ်းကိုပိုသဘောပေါက်ခဲ့ပါတယ်။

၅။Star-Lord

စကြာဝဠာကိုတစ်ဝက်ဖျက်ဆီးပြီးချိန်မှာတော့  Thanos ရဲ့နောက်ဦးတည်ချက်က. Guardians of the galaxy တွေပါပဲ။ Gamoraဟာ သူ့ရဲ့ဓားဖြစ်တဲ့ God Slayer နဲ့တောင် Thanos ကိုမတားဆီးနိုင်တော့ချိန်မှာ လျှို့ဝှက်လက်နက်တစ်ခုပဲကျန်ရှိပါတော့တယ်။ အဲ့ဒါကတော့ Cosmic cubeပါပဲ။

Comic အရ Peter Quillသာ Cosmic Cube နဲ့ magus ကိုနောက်ဆုံးတိုက်ခိုက်ခဲ့ပေမယ့် Comic ဟာ Comic ထုံးစံအတိုင်း အလှည့်တစ်ခုရှိပါတယ်။  Star-lord က magus ကိုတိုက်ခိုက်မှုဟာ ကိုယ်ပွားတစ်ခုသာဖြစ်ပြီး Cosmic cube ကိုနောက်ဆုံးတစ်ကြိမ်အသုံးပြုလို့ရဦးမယ်လို့သေချာစေခဲ့ပါတယ်။ဒီလိုနဲ့ Cosmic Cube ကို ကျည်ဆန်အနေနဲ့ စွမ်းအားအပြည့်ရှိနေချိန်မှာ Thanos အပေါ်ကိုပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။ဒါ့ကြောင့်ပဲ Thanos ဟာ စကြာဝဠာတစ်ခုလုံးကိုဖျက်ဆီးဖို့ပြန်လာခဲ့ပါတယ်။

၆။Gladiator

Thanos ဟာ သူ့ရဲ့အဖေအရင်းဖြစ်တဲ့ Imperial Guardနဲ့ Imperial Guard ရဲ့အပေါင်းအပါတွေဖြစ်တဲ့ Smasher, Oracle,Fang တို့နဲ့လည်းတိုက်ခိုက်ခဲ့ရပါတယ်။ Thanos ပင်ပန်းလာချိန်မှာ ဟိုဘက်ကတိုက်ခိုက်ဖို့ပြင်လာတဲ့လက်နက်ကတော့ Gladiator သေနတ်ကြီးဖြစ်ပါတယ်။The Guardian ဟာ Thanos ကိုတစ်ချက်တည်းနဲ့အစိတ်စိတ်အမွှာမွှာကွဲစေဖို့ရည်ရွယ်ခဲ့ပါတယ်။

၇။ Thanos ကိုအားလုံးနီးပါးအနိုင်ယူဖူးကြပါတယ်

Thanos သာ Cosmic cubeကိုအသုံးပြု ပြီး သူ့ကိုယ်သူအနန္တတန်ခိုးရှင်ဖြစ်စေခဲ့ရင် ပိုဆိုးမှာသေချာပါတယ်။ ဒါမှမဟုတ်ပဲ avengersတွေနဲ့ guardians of the galaxyတွေကို Cancerveseလို့ခေါ်တဲ့တစ်ခြား universe တစ်ခုကိုပို့လိုက်တယ်ဆိုရင်ရော။အဆိုးကောအကောင်းကောတွဲနေကတော့ ဒီ Universe ဟာပို့ဆောင်ခံရသူတွေကို မသေကောင်တွေဖြစ်အောင်ဖန်ဆင်းနိုင်ခဲ့ပါတယ်။

၁၉၉၁မှာ Thanos က ဖျောက်ဖျက်ခဲ့တဲ့ စကြာဝဠာအကြီးအကဲတွေဟာ Avengersတွေကိုပြန်လည်ခေါ်ယူပြီး လက်နက်အပြည့်အစုံတပ်ဆင်ကာတိုက်ခိုက်စေပါတယ်။ Thanos ဆီမှာရှိနေတဲ့cosmic cubeကလည်း အမေရိကန်အစိုးရကပြုလုပ်ထားတဲ့ ပုံစံအတုကြီးဖြစ်နေပြန်ပါတယ်။ဒါ့ကြောင့်စွမ်းအားမရှိပဲ Avengersတွေသာမက Marvel Timelineကစူပါဟီးရိုးအားလုံးဟာ Thanos ကိုဝိုင်းတိုက်ခိုက်ခဲ့ကြပါတယ်။

၈။Captain America

Infinity Gauntlet#4မှာတော့ Thanos အနေနဲ့ စူပါဟီးရိုးတွေအားလုံးကိုတစ်ယောက်တစ်မျိုးစီပျက်စီးအောင် ပြုလုပ်အပြီးမှာ Capကကျန်နေခဲ့ပါတယ်။ Captain Americaဟာ Thanos ဆီကိုလျှောက်သွားပြီး မင်းရန်သူတွေကိုတိုက်ခိုက်နိုင်နေပေမယ့်ဘယ်တော့မှတကယ်အနိုင်ရမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။Captain Americaရဲ့သဘောကတော့သူသေရရင်တော့ Thanos ကြီးကိုပြောချင်တာပြောရဖို့ပါပဲ။

ဒီနောက်တော့ Thanos ဟာ Capရဲ့အပြောကိုတွေဝေသွားပါတယ်။Adam Warlockနဲ့စကားပြောပြီးချိန်မှာတော့ သူဟာ Gauntletကြောင့်သာစွမ်းအားကြီးမားနေတာဖြစ်ကြောင်းနားလည်သွားပြီး သူ့ရဲ့ဒီသိမှုကပဲသူ့ကိုကျရှုံးစေခဲ့ပါတယ်။

၉။Deadpool

စကြာသဠာကိုတစ်ဝက်ဖျောက်ဖျက်ချင်တဲ့ Thanos နဲ့ ပေါင်းချင်တဲ့သူကောရှိပါ့မလား။ အင်း။တစ်ယောက်တော့ကျန်ပါသေးတယ် ။သူကတော့ Deadpoolပါပဲ။Deadpoolဟာ သူ့ရဲ့ကိုယ်က ထိခိုက်ဒဏ်ရာရတိုင်းပြန်လည်ဖြည့်တင်းပြီး သွေးဖြည့်နိုင်တယ်ဆိုပေမယ့် မျက်နှာကိုတိုက်ခိုက်ခံရရင်တော့သေစေနိုင်ပါတယ်။တစ်ခါမှာအဲ့လိုတိုက်ခိုက်ခံရလို့သေမလိုဖြစ်သွားပြီး Deathနဲ့ဆက်ဆံရေးတစ်ခုတောင်ရရှိခဲ့ပါတယ်။

တစ်ချိန်မှာတော့Death ဟာပြန်ပေးဆွဲခံရတဲ့အခါမှာ စကြာဝဠာထဲကသူတွေအားလုံးဟာတကယ်မသေတဲ့အခိုက်အတန့်ကိုရရှိသွားပါတယ်။ဒါ့ကြောင့် Dead poolနဲ့ Thanos တို့ဟာပူးပေါင်းခဲ့ကြပါတယ်။ပြန်ပေးဆွဲခံရတ ဲ့Death ဟာ Dead poolနဲ့သာဆက်သွယ်လိုပြီးဆက်သွယ်တဲ့အခါမှာလည်း Thanos ကိုဖျက်ဆီးဖို့သာပြောဆိုခဲ့ပါတယ်။

Dead poolရဲ့ အကူအညီနဲ့ Universe တစ်ခုလုံးကိုစူပါဟီးရိုးတွေဖြစ်သွားစေတဲ့ Captain Universeဖြစ်သွားစေပါတယ်။သူ့ရဲ့ Caltain uni-poolအနေနဲ့ပဲ Tharnosကိုစကြာဝဠာ Dimensionsတွေကြားမှာပိတ်မိသွားစေပါတယ်။

၁၀။၁၉၇၀ comic က သာမန်ကလေးငယ်များ

Spidey super storiesဆိုတာကတော့ Marvel နဲ့ လျှပ်စစ်ကုမ္ပဏီတစ်ခုတို့ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၀က ကလေးတွေကိုပညာပေးဖို့ရည်ရွယ်ခြင်းလည်းဖြစ်ပါတယ်။ Spidy stories#39မှာတော့ Thanos ဟာ ကလေးတစ်ယောက်လက်ကနေ cube ကို ရရှိဖို့ကြိုးစားရပါတယ်။

Thanos ဟာ စပိုက်ဒါမန်းနဲ့တိုက်ခိုက်ရင်းငလျင်တစ်ခုကိုဖန်ဆင်းခဲ့ပါတယ်။ ပညာပေးဇာတ်လမ်းသာဖြစ်လို့ မူရင်း Thanos ကြီးလောက် မကြမ်းပဲအလွဲလွဲအချော်ချော်ပါပဲ။ ငလျင်ကြောင့် သူ့လက်ထဲကcubeဟာ လွတ်ကျသွားပြီး cubeကိုကောက်သွားသူကတော့စပိုဒ်ဒါမန်းမဟုတ်ပါဘူး။အသက်၇နှစ်အရွယ် စကိတ်သမားလေး Speedy ပါပဲ။ Speedy ဟာ Thanos ကို သူ့အောက်ကမြက်တွေနဲ့ချည်နှောင်စေခဲ့ပြီးရဲတွေလာတဲ့အထိစောင့်နေပါတယ်။ ဒါ့ကြောင့်ပဲစကြာဝဠာ ဗီလိန်ကြီး Thanos ဟာ ကလေးတစ်ယောက်ကြောင့် jail အောင်းခဲ့ရရှာပါတယ်။

Comments are closed.