လည်ချောင်းကင်ဆာဖြစ်နေတဲ့ အမေများအဖွဲ့မှ ဒေါ်ခင်မေသက်ကို လစဉ်ထောက်ပံ့ကူညီပေးမယ့် ဝတ်မှုံရွှေရည်

လည်ချောင်းကင်ဆာဖြစ်နေတဲ့ အမေများအဖွဲ့မှ ဒေါ်ခင်မေသက်ကို လစဉ်ထောက်ပံ့ကူညီပေးမယ့် ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်က တည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်ေြ မာက် လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြား ပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်း ကောင်းမွန်ပြည့်စုံတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဒီကနေ့နံနက်မှာတော့ ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲ အခမ်းအနားကို တက်ရာက် ဂါရဝပြုခဲ့ပါတယ်။

ထိုပွဲလေးမှာ ဝတ်မှုံရွှေရည်က အမေများအဖွဲ့မှ ဒေါ်ခင်မေသက်နဲ့ ဆုံတွေ့ခဲ့ပြီး စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ဒေါ်ခက်မေသက်က လည်ချောင်းကင်ဆာ ရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး စကားမပြောနိုင် ဖြစ်ခဲ့ရပါတယ်။

ထိုအကြောင်းကို သိသိချင်းပဲ ဝတ်မှုံရွှေရည်က အမေဒေါ်ခင်မေသက်ရဲ့ ကင်ဆာရောဂါကို ကုသဖို့ လစဉ်ထောက်ပံ့ကြေးငွေများ လှူဒါန်းဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။

လူလေးလှသလို စိတ်ထားလေးလည်းကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ သူမရှာထားတဲ့ အနုပညာကြေးလေးတွေနဲ့ လိုအပ်သူတွေကို သူမတတ်နိုင်သလောက်လေး ကူညီထောက်ပံ့ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေတ္တာရှင်မလေး ဝတ်မှုံရွှေရည်ရဲ့ အလှူအတွက် သာဓုခေါ်ပေးကြပါဦးနော်။

Rowena
Source: Momolay Tv,Reference&Credit:momolay.com

Comments are closed.