ဗီရာကို အလဲထိုးအနိုင်ယူခဲ့ ပီး လိုက်ဟဲဗီးဝိတ် ချန်ပီယံရွှေခါးပတ်ကို ရရှိသွားတဲ့ အောင်လအန်ဆိုင်း

ဗီရာ နဲ့ အောင်လ အန်ဆန်း တို့ နှစ်ယောက်စလုံးဟာ 2014 ခုနှစ်မှာ One Championship နဲ့ စတင်လက်တွဲခဲ့သူတွေ ဖြစ်ပြီး ၊ အောင်လ အန်ဆန်းက လက်ရှိ အချိန်ထိ စုစုပေါင်း 11 ပွဲအထိ ထိုးသတ်ထားကာ ၊ 10 ပွဲ နိုင် ၊ 1 ပွဲ ရှုံး ရလာဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဗီရာကတော့ 4 ပွဲသာ ထိုးသတ်ရသေးပြီး ၊ 4 ပွဲ စလုံးကို အနိုင်ရရှိထားခဲ့တာပါ။ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဗီရာဟာ ဒီပွဲဟာ 4 ချီအထိတောင် မရောက်ပဲ အဖြေပေါ်လိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပြီး ၊

သူ့ရဲ့ လျှင်မြန်တဲ့ လက်သီးထိုးချက် တွဲလုံးတွေ နဲ့ ပြင်းထန်လွန်းတဲ့ ကန်ချက်တွေက အောင်လဆီက လိုက်ဟဲဗီးဝိတ် ချန်ပီယံ ရွှေခါးပတ်ကို လုယူဖို့ အဓိက ကျလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ဗီရာဟာ အမေရိကား နဲ့ ဥရောပ ပရိသတ်တွေ သိထားတဲ့ ဖိုက်တာ တစ်ယောက် ဖြစ်တာကြောင့် ၊ ဒီပွဲ ကနေ တဆင့် အောင်လ အန်ဆန်း ကလဲ သူ့ရဲ့ နာမည်ကို တစ်ကမ္ဘာလုံးက သိရှိသွားဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

One Century ပွဲစဉ်ဟာ ကမ္ဘာ့ MMA လောက ရဲ့ အကြီးကျယ်ဆုံး နဲ့ အခမ်းနားဆုံး ပွဲဖြစ်ပြီး ၊ UFC လို အဖွဲ့အစည်းမျိုးကတောင် ကျင်းပ နိုင်ခြင်း မရှိတဲ့ ပုံစံမျိုးတွေ ၊ အစီအစဉ်တွေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ တစ်ခုတည်းမှာပဲ ကမ္ဘာ့ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ဖူးတဲ့ ဖိုက်တာပေါင်း 28 ယောက် အထိ ပါဝင် ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။

ဒါ့အပြင် ကမ္ဘာ့ချန်ပီယံ လုပွဲကလဲ 7 ပွဲ အထိ ပါဝင်လျှက် ရှိနေပါတယ်။ဒါဟာ အရမ်းကို ထူးခြားလွန်းတဲ့ အချက်ပြီး ၊ လက်ရှိ MMA ရဲ့ အမြင့်ဆုံး ပြိုင်ပွဲလို့ ပြောလို့ရတဲ့ UFC တောင် ပြိုင်ပွဲ တစ်ခုမှ ကမ္ဘာ့ချန်ပီယံလုပွဲကို တစ်ပွဲသာ ထည့်သွင်း ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

အောင်လကတော့ ဗီရာကို အလဲထိုးအနိုင်ယူခဲ့ ပီး လိုက်ဟဲဗီးဝိတ် ချန်ပီယံရွှေခါးပတ်ကို ရရှိသွားခဲ့နိုင်ပြီဖြစ်ပါတယ်

[Unicode]

Comments are closed.