ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့အမာခံ ပရိသတ်တစ်ဉီးဆိုတာ ပြသခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို

ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့အမာခံ ပရိသတ်တစ်ဉီးဆိုတာ ပြသခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို

ပရိသတ်တွေရဲ့သဲသဲလှုပ် ချစ်ခင်အားပေးခြင်းကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက်ညီတဲ့ ရွှေထူးတို့စုံတွဲလေးက အမြဲလိုလို ကြည်နူးစရာတွေ ပြည့်နှက်နေ တာလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ ရွှေမှုံလေးက စင်ပေါ်မှာ ရှိုးဆိုနေတဲ့ ခင်ပွန်းကို ပရိသတ်တစ်ဉီးအနေနဲ့ အားပေးခဲ့တဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အချစ်ကြီးသူလေးရွှေမှုံကတော့ ခင်ပွန်းနဲ့ပတ်သတ်ရင် အစစအရာရာ ချစ်မြတ်နိုးနေတော့တာပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခင်ပွန်းရဲ့အမာခံပရိသတ်ဖြစ်ကြောင်း ပြောလာတဲ့ ရွှေမှုံလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံလေးကတော့ စင်ပေါ်မှာ အထာကျကျ ရှိုးဆိုနေတဲ့ ခင်ပွန်းရဲ့ဗီဒီယိုနဲ့အတူ Big Fan ဆိုပြီး လူမှုကွန်ယက်မှာ တင်ထားတာပါ။ နောက်ကွယ်ကနေ ပါရမီဖြည့်ပေးနေတဲ့ ရွှေမှုံလေးကတော့ တကယ့်ကို ဇနီးကောင်းတစ်ဦးပါပဲနော်။

ခင်ပွန်းရဲ့အမာခံ ပရိသတ်တစ်ဉီးဆိုတာ ပြသခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က နှစ်ဦး သဘောတူ လက်ထပ်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာလ ၁၁ရက်နေ့မှာ မင်္ဂလာ ဧည့်ခံပွဲ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသူနှစ်ဦးဆိုရင်လည်း မမှားပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း အချစ်တွေ ပိုပိုပြီးတိုးလာတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ တို့ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် share သွားကြဖို့မမေ့ပါနဲ့နော်။

Myint Myat
Source:Shwe Mhone Yati’s Facebook,Reference&Credit:momolay.com

Comments are closed.