သူ့ရဲ့သနပ်ခါးကြော်ငြာလေးကို အလွတ်ဆိုပြခဲ့တဲ့ ကလေးသရုပ် ဆော င်လေးတွေကြောင့် ပျော်ရွှင် အံ့သြနေတဲ့ ရေဝတီလေး”

နန်းစန္ဒာလှထွန်းကတော့ Miss Myanmar World (2015) Second Runner Up အလှမယ်တစ်ဦးဖြစ်ခဲ့ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးရတဲ့ MRTV-(4) ဇာတ်လမ်းတွဲ မင်းသမီးလေးပဲ ဖြစ်ပါတယ်။မည်သည့်ဇာတ်လမ်းတွဲမဆို ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးဖြစ်ပြီး ရှမ်းတိုင်းရင်းသူ လေးတစ်ဦးပါ နော်။ စတင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲ ဖြစ်ပြီး ထိုဇာတ်လမ်းကို နယ်ပရိသတ်တွေသာမက ရန်ကုန်ပရိသတ်တွေကပါ သဘောကျခဲ့ကြပြီး ထိုဇာတ်လမ်းတွဲက ဇာတ်ကောင်နာမည်ကို အစွဲပြုပြီး ပရိသတ်တွေက “ရေဝတီ”လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်လေ့ရှိကြပါသေးတယ်။

နာမည်ကျော်ဆရာမကြီး စန္ဒာရဲ့ ဝတ္ထု ကို ပြန်လည်ရိုက်ကူးထားတဲ့ “အရိပ်” မှာလည်း နာစ့်ဆရာမလေး “သက်သက် “အဖြစ်နဲ့ ပရိသတ်တွေ ထပ်မံပြီး အားပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” ဝင်္ကပါရှင်းတမ်း ” ဇာတ်လမ်းတွဲ မှာ ” ဟန်နီ” ဆိုတဲ့ ဇာတ်ကောင် အဖြစ်နဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ပဲ ဖြစ်ပြီး သူမ ပရိသတ်တွေနဲ့လည်း လက်ပွန်းတတီး ရှိကာ သူမရဲ့ We Love တွေနဲ့အတူ အလှူအတန်းများစွာ ပြုလုပ်တတ်သူလေးတစ်ယောက်ပါ။

လက်ရှိမှာတော့ နယ်မှာ ရိုက်ကူးရေးလုပ်နေရင်း ချစ်စရာကောင်းတဲ့ ကလေးသရုပ် ဆောင်လေးတွေက သူ့ရဲ့ သနပ်ခါးကြော်ငြာလေးကို လက်တန်းဆိုပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ရက်သာမျက်နှာထက်မှာ ဝေမျှခဲ့တာပါ။ ကလေးချစ်တတ်တဲ့ ရေဝတီ လေး ကတော့ ကလေးတွေက သူ့ရဲ့ ကြော်ငြာလေးကိုသဘောကျတာကြောင့် ပျော်ရွှင် ဝမ်းသာအံ့သြနေတာပဲ ဖြစ်ပါတယ်။CeleGabar ချစ်စရာကောင်းတဲ့ ရေဝတီနဲ့ ကလေးတွေ ရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ ပရိသတ် တွေ အပေါ် အလေးထားဆက်ဆံတတ်တဲ့ ရေဝတီလေးကို မှတ်ချက်တစ်ခုခု ပေးခဲ့ပါ ဦးနော်။

Source : Nan Sandar Hla Htun
Shwe Poe – CeleGabar

[Zawgyi]

Comments are closed.