ချန်ပီယံရွှေခါးပတ်က အောင်လအန် ဆန်ကလွဲပြီး ဘယ်သူနဲ့မှ မထိုက် တန် ဘူးဆိုတဲ့ အောန်ဆိုင်း

ချန်ပီယံရွှေခါးပတ်က အောင်လအန် ဆန်ကလွဲပြီး ဘယ်သူနဲ့မှ မထိုက် တန် ဘူးဆိုတဲ့ အောန်ဆိုင်း

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ One Championship လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံဘွဲ့ကာကွယ်ပွဲကြီးက အဆုံးသတ်လှပစွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ One Championship 100 Century ပွဲစဉ် ရဲ့ Main Event အဖြစ် မြန်မာနိုင်ငံသား MMA အားကစားသမား အောင်လအန်ဆန်နဲ့ စိန်ခေါ်သူ ဖီလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာတို့ရဲ့ ယှဉ်ပြိုင်ထိုးသတ်မှုမှာ မြန်မာနိုင်ငံသား အောင်လအန်ဆန်က ဒုတိယအချီမှာပဲ ဒိုင်ပွဲရပ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ကို နိုင်ငံကျော် မော်ဒယ် အောန်ဆိုင်းကလည်း ဂျပန်နိုင်ငံအထိ လိုက်ပြီး အားပေးခဲ့တာ ဖြစ်ပါတယ်။ အောင်လအန်ဆန် အနိုင်ရရှိချိန်မှာတော့ အောန်ဆိုင်းလည်း တော်တော်ကြီး ဝမ်းသာပျော်ရွှင်ခဲ့တာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ အောန်ဆိုင်းက အောင်လအန်ဆန်ကို “မင်း ဒီပြိုင်ပွဲအတွက် အပြင်းအထန် ကြိုးစားခဲတယ်။ ဒီလိုက်ဟဲဗီးဝိတ် ချန်ပီယံ ရွှေခါးပတ်ဆုက မင်းကလွဲပြီး ဘယ်သူနဲ့မှမထိုက် တန်ဘူး” ဆိုပြီး ဝမ်းသာ ဂုဏ်ပြုစကားဆိုထားပါတယ်။

အောင်လအန်ဆန်ဟာ အသည်းမာလှပါတယ်ဆိုတဲ့ ဘရန်ဒန်ဗီရာကို (၂) ချီအတွင်းမှာပဲ အလဲထိုးပြီး အာရှတိုက်ရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်မရှိသူရဲကောင်းဆိုတာကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေလည်း အောန်ဆိုင်းနဲအတူတူ ချန်ပီယံကြီး အောင်လအန်ဆန်အတွက် ဂုဏ်ယူမဆုံးဖြစ်နေကြမယ် ထင်ပါတယ်နော်။

Rowena
Source: Awn Seng’s fb

Comments are closed.