ပါချုပ် ဆရာတော်ဘုရားကြီးကို သွားရောက် ဖူးမျှော် ရင်း အလှူအတန်းများစွာ ပြုလုပ်ဖြစ်ခဲ့ပုံကို ပီတိဖြစ်စွာ ဝေမျှလာတဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာလောထဲမှာ အောင်မြင်လာခဲ့ပြီး သူမရဲ့အောင်မြင်မှုက ဆယ်စုနှစ်တွေ ကျော်လွန်လာခဲ့ပါပြီ။ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားကာ အားလုံးက အားကျချစ်ခင်နေရတာပါ။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ခိုင်သင်းကြည်တို့ မိသားစုက အလှူရေစက် လက်နဲ့မကွာဆိုသလို လှူဒါန်းနေတဲ့ သဒ္ဓါတရားထက်သန်လှတဲ့ မိသားစုလည်းဖြစ်ပါတယ်။ အမြဲတမ်းလိုလို အထိမ်းအမှတ်နေ့လေးတွေနဲ့ အခါအခွင့်သင့်ရင်သင့်သလို အလှူလေးတွေကို မိသားစုလိုက်စိတ်သဘောထားတူညီစွာနဲ့ လှူဒါန်းလေ့ရှိကြတဲ့အတွက် ပရိသတ်တွေက တစ်မိသားစုလုံးကို လေးစားနေကြရတာပါ။

အခုလည်း ပါချုပ် ဆရာတော် ဘုရားကြီးကို သွားရောက် ဖူးမျှော်ရင်း အလှူအတန်းများစွာ ပြုလုပ်ဖြစ်ခဲ့တဲ့ ပုံလေးတွေနဲ့ တကွ ” ဆရာတော်ဘုရားကြီးအားဖူးတွေ့ခွင့်ရလို့အလွန်ကြည်နူးမိပါတယ်ရှင်🙏🙏🙏 ” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ သာဓု သုံးကြိမ်ခေါ်ဆိုရင်း ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Advertisement

Photo – Khine Thin Kyi

[]zawgyi



Advertisement


Yuan – Cele Zone

Photo – Khine Thin Kyi

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*