ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ Show ပွဲမှာ ပါဝင်သီချင်းဆို ဖျော်ဖြေခဲ့တဲ့ ရွှေမှုံရတီ

ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ Show ပွဲမှာ ပါဝင်သီချင်းဆို ဖျော်ဖြေခဲ့တဲ့ ရွှေမှုံရတီ

ပည်သူချစ် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်ထောင်သက် တစ်နှစ်နီးပါး တိုင်တိုင် တစ်ယောက်နဲ့တစ်ယောက် ကြင်စဦးဇနီးမောင်နှံလို ချစ်ကြတာ ဖြစ်ပါတယ်။ ရွှေထူး နဲ့ ရွှေမှုံရတီက အနုပညာလျှောက်လှမ်းကိုယ်စီမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေတာ ဖြစ်ပါ တယ်။ ပရိသတ်တွေကလည်း ရွှေထူးနဲ့ ရွှေမှုံရတီကို တစ်ယောက်ချင်းစီဖြစ်စေ၊ နှစ်ယောက် တွဲြ ဖစ်စေ အားပေးကြတာကို တွေ့ရပါတယ်။

မနေ့က အောက်တိုဘာလ (၁၃) ရက်နေ့မှာတော့ ရွှေထူးက Lil’Z၊ X-box၊ ထက်ယံတို့နဲ့ အတူတူ ရန်ကုန်မြို့ Rose Garden Hotel မှာ ကျင်းပပြုလုပ်တဲ့ 4 Reunion” ပွဲကြီးမှာ ဖျော်ဖြေတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုပွဲလေးမှာ ရွှေထူးရဲ့ ချစ်ဇနီးလေး ရွှေမှုံရတီလည်း လိုက်လာပြီး ပရိသတ်တွေကို surprise လုပ် ဖျော်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီက ရွှေထူးနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း ဂီတဘက်ကိုလည်း လုပ်ကိုင်လာတာဖြစ်ပြီး “အမှား” နဲ့ “ချစ်တယ်” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပါတယ်။

ရွှေမှုံလေးကတော့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ အရိပ်ကလေးအတိုင်းပဲ အနောက်ကနေ တကောက်ကောက် ပါရမီဖြည့်ပေးနေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Photo: Fantasy In Art

Comments are closed.