သီတင်းကျွတ်ကို ချစ်ရတဲ့ သားသ မီးတွေနဲ့ ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ သက်မွန်မြင့်

သီတင်းကျွတ်ကို ချစ်ရတဲ့ သားသ မီးတွေနဲ့ ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ သက်မွန်မြင့်

နိုင်ငံကျော် အကယ်ဒမီ မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလို အိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က ဒီနှစ်သီတင်းကျွတ်မှာ ချစ်ရတဲ့ မိသားစုတွေနဲ့ အတူတူ ဖြတ်သန်းခဲ့ပါတယ်။

သက်မွန်မြင့်က သီတင်းကျွတ်နေ့လေးမှာ သားလေးအားချစ်နဲ့ သမီးလေး လဝန်းတို့ကိုလည်း တစ်နေကုန်အချိန်ပေး ဆော့ကစားပေးခဲ့သလို လူကြီးမိဘတွေကိုလည်း လိုက်လံကန်တော့ခဲ့ ကြ တာကို တွေ့ရပါတယ်။

ညပိုင်းမှာတော့ သားအမိ၊ သားအဖတွေ စုံစုံလင်လင်နဲ့ ဆီမီးထွန်းပြီး ကုသိုလ်ယူခဲ့ကာ ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းစွာပဲ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

သက်မွန်မြင့်က လက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ကူးပေးနေသလို ဒေါင်း၊ ဖွေးဖွေး၊ ခါရာတို့နဲ့အတူတူ “Love Equations” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ သီတင်းကျွတ်ညလေးကို မိသားစုတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်တို့ မိသားစုရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Thet Mon Myint’s fb,Reference&Credit:momolay.com

Comments are closed.