မီးပုံးလှလှလေးတှနေဲ့ ခစွစြရာေ ကာငြး တဲ့ မှနမြာအမွိုးသမီးလေး အဖှဈ တှေ့မှငရြတဲ့ ပတထြရဈရှာ

မီးပုံးလှလှလေးတှနေဲ့ ခစွစြရာေ ကာငြး တဲ့ မှနမြာအမွိုးသမီးလေး အဖှဈ တှေ့မှငရြတဲ့ ပတထြရဈရှာ

နိုင်ငံကျော် မင်းသမီးချောလေး ပတ်ထရစ်ရှာက စူးရှတဲ့ မျက်ဝန်းတစ်စုံနဲ့ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်သူလေးပါ။ အချိုးအစားကျနပြီး လှပလွန်းတဲ့ ပတ်ထရစ်ရှာရဲ့ အလှကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ လုံခြုံပြီး ခေတ်မှီတဲ့ ဖက်ရှင်တွေကလည်း ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ အချက်တစ်ချက်ပါပဲ။

ဒီတစ်ခေါက်မှာတော့ စတိုင်လ်ကျပြီး အမြဲလန်းဆန်းတက်ကြွနေတဲ့ ပတ်ထရစ်ရှာကို မြန်မာဝတ်စုံလေးနဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ အမျိုးသမီးလေးတစ်ဦးအဖြစ် တွေ့မြင်ရပါတယ်။

ပတ်ထရစ်ရှာက သီတင်းကျွတ် အမှတ်အသားဖြစ်တဲ့ မီးပုံးလေးတွေနဲ့ ဓာတ်ပုံရိုက်ရင်း “Happy Thadingyut Full Moon Day! 🎇🌕ပျော်ရွှင်စရာကောင်းသော သီတင်းကျွတ်ြ ဖစ်ပါစေရှင့် 🙏🏻” ဆိုပြီး ဆုတောင်းစကားလေး ဆိုထားပါတယ်။

ပတ်ထရစ်ရှာက လက်ရှိမှာတော့ ဒါရိုက်တာကိုပေါက်ရိုက်ကူးတဲ့ “လူထဲကလူ” ရုပ်ရှင်ဇာတ် ကားကို မြင့်မြတ်၊ အောင်လေး၊ စိုးမြတ်သူဇာ၊ ခင်လှိုင်၊ ဂွမ်းပုံတို့နဲ့အတူတူ သရုပ်ဆောင်ေ နတာပဲ ဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။


Rowena
Source: Patricia’s fb
Photo: Bling Bling Photography,Reference&Credit:momolay.com

Comments are closed.