သူ့ကို မုန်းနေကြသူတွေအတွက် သူကိုယ်တိုင် Group လုပ်ပေးမယ် ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

သူ့ကို မုန်းနေကြသူတွေအတွက် သူကိုယ်တိုင် Group လုပ်ပေးမယ် ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

အိုင်ဒီယာအဆန်းတွေနဲ့ ပရိသတ်တွေကို ထူးခြားတဲ့ ရုပ်ရှင်တွေ ဖန်တီးပေးတတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး ဒါရိုက်တာတစ်ဉီးပါ။ သူများတွေနဲ့ မတူညီတဲ့ ဖန်တီးမှုတွေ လုပ်တတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ကိုတော့ ချစ်ကြသူတွေရှိသလို မုန်းကြသူတွေလည်း ရှိနေပြန်ပါတယ်။ လတ်တလောမှာတော့ ထူးထူးခြားခြားပဲ ဒါရိုက်တာ ညိုမင်းလွင်ကတော့ သူ့ကို မုန်းနေကြသူတွေအတွက် သူကိုယ်တိုင် Group လုပ်ပေးမယ်လို့ ပြောလာတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် သူ့ကို မုန်းနေကြသူတွေ အတွက် သူကိုယ်တိုင် Group လုပ်ပေးမယ်ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



Kanye West ပြောသလိုပြောရရင်တော့ “ Love your haters,they’re your biggest fans “ ပေါ့လေ၊ အဲဒီတော့ ကျွန်တော့်ကိုမုန်းတဲ့သူတွေအားလုံးကို ကျွန်တော်အရမ်း ချစ်ပါတယ် ပေါ့…Join ချင်တဲ့သူများ စာရင်းပေးခဲ့နိုင်ပါတယ်၊ Angry React လေးကိုနှိ ပ်ပေးခဲ့ရုံပါပဲ၊ Group Admin အဖြစ်ဆောင်ရွက်မယ့်သူများအဆင်ပြေတဲ့အချိန် စတင်အသ က်ဝင်ပါမယ်၊We Hate Nyo Min Lwin မှာ ကျွန်တော်တို့ပြန်တွေ့ကြရအောင်…With love,ညိုမင်းလွင်” ဆိုပြီး သူ့ကို မုန်းတဲ့သူတွေအတွက် Group ထောင်မယ့်အကြောင်း ပြောထားတာပါ။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ လတ်တလောမှာ “မြ” ရုပ်ရှင်ကို ဖန်တီးနေတာဖြစ်ပြီး အဆိုပါရုပ်ရှင်ကြောင့် ဝေဖန်မှူတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကိုယ့်ကို မုန်းတဲ့သူတွေကိုတောင် မေတ္တာတရားနဲ့ ကြည့်ပေးတတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ တကယ့်ကို လူထူးဆန်းကြီးပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း We Hate Nyo Min Lwin Group လုပ်မယ့် ဒါရိုက်တာ ညိုမင်းလွင်ကို ဘယ်လိုမြင်မိလဲဆိုတာ ပြောသွားခဲ့ပါဉီးနော်။

Myint Myat
Source:Nyo Min Lwin’s Facebook,Reference&Credit:momolay.com

Comments are closed.