ပရိသတ်တွေကြားမှာ နာမည်ကြီးနေ တဲ့ ဇနီးကို ချစ်တတ်လွန်းတဲ့ ပြေ တီဉီး ရဲ့ ပုံလေးတစ်ပုံ

ပရိသတ်တွေကြားမှာ နာမည်ကြီးနေ တဲ့ ဇနီးကို ချစ်တတ်လွန်းတဲ့ ပြေ တီဉီး ရဲ့ ပုံလေးတစ်ပုံ

အရမ်းကို လိုက်ဖက်ညီပြီး၊ အားကျစရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ေ ဆာင် ပြေတီဉီးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ ချစ်ဖို့ကောင်းတဲ့ သားသမီးတွေနဲ့ ဘဝရဲ့ တန်ဖိုးအရှိဆုံးအချိန်တွေကို အတူဖြတ်သန်းနေကြတာပါ။ ဝါသနာပါတဲ့ အနုပညာအ လုပ်တွေလုပ်ရင်း မိသားစုကို အချိန်ပေးဖြစ်နေတဲ့ သူတို့ရဲ့ မိသားစု ဘဝလေးက အမြဲပျော်ရွှင်ေ နရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အူဝဲက ချစ်တတ်လွန်းတဲ့ ခင်ပွန်းရဲ့အကြောင်း ပုံလေးတစ်ပုံနဲ့ ထုတ်ပြောလာတာ တွေ့ရပါတယ်။ အဆိုပါပုံလေးကတော့ ချစ်ဇနီးအတွက် အလှပဆုံးပုံရိပ်တွေ အားရပါးရ ဖမ်းယူပေးနေတဲ့ ပြေတီဉီးရဲ့ ချစ်စရာပုံရိပ်လေးပဲ ဖြစ်ပါတယ်။ ချစ်ဇနီးအပေါ် ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိနိုင်တဲ့ ပြေတီဉီးရဲ့ပုံရိပ်လေးကိုတော့ ပရိသတ်တွေက အရမ်းသဘောကျနေကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်ဇနီးချောလေး အိန္ဒြာကျော်ဇင်ကို အမိအရဓာတ်ဖမ်းပေးနေတဲ့ ပြေတီဉီးရဲ့ပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

အိန္ဒြာကျော်ဇင်ကတော့ ” Pro ကြီး ရိုက်ပေးနေတာ Hotel မှာ ” ဆိုပြီး သူမကို အပီအပြင် ဓာတ်ဖမ်းပေးနေတဲ့ ခင်ပွန်းရဲ့ပုံရိပ်လေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ပြေတီဉီးရိုက်ထားပေးတဲ့ အူဝဲရဲ့ပုံလှလှလေး

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုး လာတာဆိုရင်လည်း မမှားပါဘူး။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင် ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ် ပရိသတ်တွေလည်း ခင်ပွန်းရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ ကံကောင်းလွန်းသူလေး အိန္ဒြာကျော်ဇင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Eaindra Kyaw Zin’s Facebook Page,Reference&Credit:momolay.com

Comments are closed.