



ပန်းရောင်ခြယ်ကတော့ “မီးထွန်းပွဲတော် 🕯🤎” ဆိုပြီး သီတင်းကျွတ် မီးထွန်းပွဲတော်မှာ ဖျော်ဖြေခဲ့တဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဘက်စုံထူးချွန်သူလေးလို့တောင် ပြောလို့ရတဲ့ ပန်းရောင်လေးကတော့ သူမရဲ့သီချင်းတွေမှာ လည်း ကိုယ်တိုင် သရုပ်ဆောင်လေ့ရှိသူလေးပါ။

ပန်းရောင်ခြယ်ကတော့ လတ်တလောမှာ ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပြီး၊ သီချင်းသစ်တွေလည်း ဖန်တီးရင်း တစ်ခြားသော အနုပညာအလုပ်တွေ လုပ်ဖြစ်နေတာပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲကလည်း မကြာခင် ရုပ်သံလိုင်းတွေမှာ ပြသတော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစိမ့်စိမ့်ကြည့်လေ လှရက်လွန်းလေဖြစ်တဲ့ ပန်းရောင်ခြယ်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Pan Yaung Chel’s Facebook
Photo:Phonn Photography,Reference&Credit:momolay.com

Comments are closed.