မန္ယူႏိုက္တက္သတင္းတိုမ်ား

မန္ယူႏိုက္တက္သတင္းတိုမ်ား

[ZawGyi]

၁။ မန္ယူႏိုက္တက္အသင္းဟာ ဒီဇန္နဝါရီအေျပာင္းအေရႊ႕အတြင္းမွာ အက္သလက္တီကို အသင္းရဲ႕ေနာက္ခံလူ ဂိုဒင္ကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းခဲ့ေသးေပမယ့္လည္း ပယ္ခ်ျခင္း ခံခဲ့ရတယ္လို႔ သိရပါတယ္။

၂။ ဘရူဇီရိုအသင္းရဲ႕ အသက္ (၁၈)ႏွစ္အရြယ္ ဘရာဇီးလ္ဂိုးသမားေလး ဂါဘရီယဲလ္ဘရာဇာအိုကို မန္ယူႏိုက္တက္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔က အျပိဳင္ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

၃။ မန္ယူႏိုက္တက္အသင္း အျမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ဖို႔ ၾကိဳးစားေနတဲ့ စပါးနည္းျပပိုခ်က္တီႏိုကေတာ့ သူ႔အေနနဲ႔ နည္းျပဘဝတေလွ်ာက္လံုးကို ေျမာက္လန္ဒန္မွာပဲ ကုန္ဆံုးသြားဖြယ္ရိွေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

၄။ မန္ယူႏိုက္တက္အသင္းဟာ စပိန္ကလပ္ဗီလာရီးယဲလ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ေလး ေအဒရီယန္ေကာ္ရယ္ကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနျပီျဖစ္ေၾကာင္း ျဗိတိန္သတင္းစာေတြက ေဖာ္ျပခဲ့ပါတယ္။ အသက္ (၁၆)ႏွစ္သားေလးဟာ ဗဟိုေနာက္ခံလူအျဖစ္သာမက ဘယ္ေနာက္ခံလူေနရာမွာပါ ကစားႏိုင္စြမ္းရိွသူပါ။

၅။ နည္းျပဆိုရွားအေနနဲ႔ လီယြန္အသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ တိုက္စစ္ကစာသမား မန္းဖစ္ဒီပိုင္းကို ျပန္လည္ေခၚယူျပီး ေရာ္နယ္လ္ဒိုလက္သစ္ျဖစ္လာေအာင္ အေရာင္တင္ေပးသင့္တယ္လုိ႔ သံုးသပ္မႈေတြ ရိွေနပါတယ္။

၆။ နယ္သာလန္ကစားသမားေဟာင္း ဂြ်န္ဗန္လိုရမ္က ေအဂ်က္စ္အသင္းရဲ႕ေနာက္ခံၾကယ္ပြင့္ ဒီလစ္ခ်္အေနနဲ႔ ဂ်ဴဗင္တပ္အသင္းရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ျပီး ဘာစီလိုနာ သို႔မဟုတ္ မန္ယူႏိုက္တက္ကိုသာ ေျပာင္းေရႊ႕သင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။

[Unicode]

၁။ မန်ယူနိုက်တက်အသင်းဟာ ဒီဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ အက်သလက်တီကို အသင်းရဲ့နောက်ခံလူ ဂိုဒင်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့သေးပေမယ့်လည်း ပယ်ချခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

၂။ ဘရူဇီရိုအသင်းရဲ့ အသက် (၁၈)နှစ်အရွယ် ဘရာဇီးလ်ဂိုးသမားလေး ဂါဘရီယဲလ်ဘရာဇာအိုကို မန်ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့က အပြိုင်ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၃။ မန်ယူနိုက်တက်အသင်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားနေတဲ့ စပါးနည်းပြပိုချက်တီနိုကတော့ သူ့အနေနဲ့ နည်းပြဘဝတလျှောက်လုံးကို မြောက်လန်ဒန်မှာပဲ ကုန်ဆုံးသွားဖွယ်ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

၄။ မန်ယူနိုက်တက်အသင်းဟာ စပိန်ကလပ်ဗီလာရီးယဲလ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး အေဒရီယန်ကော်ရယ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ အသက် (၁၆)နှစ်သားလေးဟာ ဗဟိုနောက်ခံလူအဖြစ်သာမက ဘယ်နောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်းရှိသူပါ။

၅။ နည်းပြဆိုရှားအနေနဲ့ လီယွန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ တိုက်စစ်ကစာသမား မန်းဖစ်ဒီပိုင်းကို ပြန်လည်ခေါ်ယူပြီး ရော်နယ်လ်ဒိုလက်သစ်ဖြစ်လာအောင် အရောင်တင်ပေးသင့်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

၆။ နယ်သာလန်ကစားသမားဟောင်း ဂျွန်ဗန်လိုရမ်က အေဂျက်စ်အသင်းရဲ့နောက်ခံကြယ်ပွင့် ဒီလစ်ချ်အနေနဲ့ ဂျူဗင်တပ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဘာစီလိုနာ သို့မဟုတ် မန်ယူနိုက်တက်ကိုသာ ပြောင်းရွှေ့သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

Comments are closed.