One က အောင်လကို ဒေါ်လာ ငါးသောင်း ဂုဏ်ပြု

One က အောင်လကို ဒေါ်လာ ငါးသောင်း ဂုဏ်ပြု

ဂျပန်နိုင်ငံ၌ ကျင်းပသည့်MMA (OneChampionship)ပိုင်ပွဲတွင် အမေရိကန်- ဖိလစ်ပိုင် ဖိုက်တာ ဘရန်ဒန်ဗီရာကို အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည့် အောင်လအန်ဆန်ကို One က ဂုဏ်ပြုငွေ ကန်ဒေါ်လာ ငါးသောင်း ချီးမြှင့်ခဲ့သည်

အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ryogoku Kokugikan ဆူမိုအားကစားခ န်း မ ၌ ကျင်းပသည် MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ဘရန် ဒန်ဗီ ရာ ကို အကြိတ် အနယ်ယှဉ်ပြိုင်ပြီး ဒုတိယအချီ ၃ မိနစ်နှင့် ၂၄ စက္ကန့်၌ လက်သီးချက်များဖြင့် အလဲထိုးအနိုင် ယူခဲ့သည်။ ဗီရာက ပွဲအပြီးတွင် အောင်လသည် အနိုင်ဖြင့် ထိုက်တန်ပြီး ထိပ်တန်းအဆင့် ကစားသမားဖြစ်ကြောင်း ချီး ကျူးခဲ့သည်။

တစ်ခါတလေမှာ ကျွန် တော်တို့ မျှော်လင့်ထားသလို မဖြစ် လာပါဘူး။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီရလဒ်ကို ပျော်လား ဆိုရင်တော့မပျော်ပါဘူး။ ရှုံးတဲ့အတွက် ဒေါသထွက် မိလားဆိုရင်တော့ ထွက်မိပါတယ်။ ဒါပေမဲ့ အောင်လအန်ဆန်အတွက်တော့ ဂုဏ်ယူပါတယ်။ ဒီအနိုင်က အောင်လနဲ့ ထိုက်တန်ပါတယ်’’ဟု ဗီရာက ဆိုသည်။

အောင်လအန်ဆန်သည် ၂၀၁၈ ဖေဖော်ဝါရီက ဘရာဇီး ဖိုက်တာ မာချာဒိုကို အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဖြစ်ပြီး နောက် တစ်နှစ်ကျော်အတွင်း ယင်းဝိတ်တန်းအတွက် ပထမဆုံးချန်ပီယံကာကွယ်ခြင်း ဖြစ်သည်။

ထိုသို့ ကောင်းမွန်စွာ ထိုးသတ်နိုင်ပြီး လိုက်ဟဲဗီးဝိတ် ချန်ပီယံခါး ပတ်ကို ကာကွယ်နိုင်ခဲ့သဖြင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်းဖြစ် ကြောင်း One Championship စီအီးအိုချာရတီက လူမှုကွန်ရက် တွင် ဖော်ပြသည် ချန်ပီယံခါးပတ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့အ တွက် အောင်လကို ဂုဏ်ပြုပါ တယ်။ အောင်လက ဗီရာကို အကောင်းဆုံး ထိုးသတ်ပြီး အနိုင်ရခဲ့တာပါ

One အတွက် အ ကောင်းဆုံး လုပ်ပြနိုင်ခဲ့တဲ့အ တွက် အောင်လကို တကယ်ကျေးဇူးတ င်တယ်။ အောင်လအတွက် ဂုဏ်ယူမိပါတယ်’’ ဟု ချာရတီက ရေးသားထားသည်။

ထို့အပြင် အမျိုးသမီး အက်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလု ပွဲတွင် တရုတ်နိုင်ငံသူ ဂျန်ဂန်းကို အလဲထိုး အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သည့် စင်ကာပူနိုင်ငံသူ အန်ဂျလာလီကိုလည်း One က ဂုဏ်ပြုငွေ ကန်ဒေါ်လာငါးသောင်း ချီးမြှင့်ခဲ့သည် အသက် (၃၄) နှစ်အရွယ် အောင်လအန်ဆန် သည် MMAပြိုပွဲတစ်လျှောက် ၃၆ ပွဲယှဉ်ပြိုင်ရာတွင် ၂၆ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ အောင်လသည် လက်ရှိတွင် MMA(One Champion-ship) ၏ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်း၏ ကမ္ဘာ့ချန်ပီယံ ဖြစ်သည်။

Credit – 7daydaily

Unicode ဖြင့်ဖတ်ရန်

ဂျပန်နိုင်ငံ၌ ကျင်းပသည့်MMA (One Championship)ပြိုင်ပွဲတွင် အမေရိကန်-ဖိလစ်ပိုင်ဖိုက်တာ ဘရန်ဒန်ဗီရာကို အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည့် အောင်လအန်ဆန်ကို One က ဂုဏ်ပြုငွေ ကန်ဒေါ်လာ ငါးသောင်းချီးမြှင့်ခဲ့သည်။

အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ryogoku Kokugikan ဆူမိုအားကစား ခန်းမ ၌ ကျင်းပသည် MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ဘရန်ဒန်ဗီရာကို အကြိတ် အနယ်ယှဉ်ပြိုင်ပြီး ဒုတိယအချီ ၃ မိနစ်နှင့် ၂၄ စက္ကန့်၌ လက်သီးချက်များဖြင့် အလဲထိုးအနိုင် ယူခဲ့သည်။ ဗီရာက ပွဲအပြီးတွင် အောင်လသည် အနိုင်ဖြင့် ထိုက်တန်ပြီး ထိပ်တန်းအဆင့် ကစားသမားဖြစ်ကြောင်း ချီး ကျူးခဲ့သည် တစ်ခါတ လေ မှာ ကျွန် တော်တို့ မျှော်လင့်ထားသလို မဖြစ် လာပါဘူး။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီရလဒ်ကို ပျော်လား ဆိုရင်တော့မပျော်ပါဘူး။ ရှုံးတဲ့အတွက် ဒေါသထွက်မိလားဆိုရင်တော့ ထွက်မိပါတယ်။ ဒါပေမဲ့ အောင်လအန်ဆန်အတွက်တော့ ဂုဏ်ယူပါတယ်။ ဒီအနိုင်က အောင်လနဲ့ ထိုက်တန်ပါတယ်’’ဟု ဗီရာက ဆိုသည် အောင်လအန်ဆန်သည် ၂၀၁၈ ဖေဖော်ဝါရီက ဘရာဇီး ဖိုက်တာ မာချာဒိုကို အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဖြစ်ပြီး နောက် တစ်နှစ်ကျော်အတွင်း ယင်းဝိတ်တန်းအတွက် ပထမဆုံးချန်ပီယံကာကွယ်ခြင်း ဖြစ်သည်။ထိုသို့ ကောင်းမွန်စွာ ထိုးသတ်နိုင်ပြီး လိုက်ဟဲဗီးဝိတ် ချန်ပီယံခါး ပတ်ကို ကာကွယ်နိုင်ခဲ့သဖြင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်းဖြစ် ကြောင်း One Championship စီအီ အိုချာရတီက လူမှုကွန်ရက်တွင် ဖော်ပြသည်။

ချန်ပီယံခါးပတ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့အ တွက် အောင်လကို ဂုဏ်ပြုပါ တယ်။ အောင်လက ဗီရာကို အကောင်းဆုံး ထိုးသတ်ပြီး အနိုင်ရခဲ့တာပါ။ One အတွက် အ ကောင်းဆုံး လုပ်ပြနိုင်ခဲ့တဲ့အ တွက် အောင်လကို တကယ်ကျေးဇူးတင်တယ်။ အောင်လ အတွ က် ဂုဏ်ယူမိပါတယ်’’ ဟု ချာရတီက ရေးသားထားသည်။

ထို့အပြင် အမျိုးသမီး အက်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလု ပွဲတွင် တရုတ်နိုင်ငံသူ ဂျန်ဂန်းကို အလဲထိုး အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သည့် စင်ကာပူနိုင်ငံသူ အန်ဂျလာလီကိုလ ည်း One က ဂုဏ်ပြုငွေ ကန်ဒေါ်လာငါးသောင်း ချီးမြှင့်ခဲ့သည် အသက် (၃၄) နှစ်အရွယ် အောင်လအန်ဆန်သည် MMAပြိုပွဲတစ်လျှောက် ၃၆ ပွဲယှဉ်ပြိုင်ရာတွင် ၂၆ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ အောင်လသည် လက်ရှိတွင် MMA(One Champion-ship) ၏ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်း၏ ကမ္ဘာ့ချန်ပီယံ ဖြစ်သည်။

Credit – 7daydaily

Comments are closed.