အဘွားဖြစ်သူကို ရွှေအစစ်နဲ့လုပ်ထား တဲ့စလွယ်ကြီးလက်ဆောင်ပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ဇေရဲထက်

အဘွားဖြစ်သူကို ရွှေအစစ်နဲ့လုပ်ထား တဲ့စလွယ်ကြီးလက်ဆောင်ပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ဇေရဲထက်

သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက်က အနုပညာလောကထဲကို စတင်ဝင်ရောက် လာချိန်ကစပြီး အခုချိန်ထိ နာမည်ပျက်မရှိပဲ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦးပါပဲ။ ဇေရဲထက်က သူ့ရဲ့သရုပ်ဆောင်ကောင်းမှုကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များ များမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို မရပ်မနား လုပ်ကို နတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့အနယ် နယ်မှာ အများအပြားရှိနေတာပဲ ဖြစ်ပါတယ်။

ဇေရဲထက်က လူငယ်တစ်ယောက်ဖြစ်ပေမယ့် အပျော်အပါး အသုံးအဖြုန်းမရှိပဲ သူရှာလို့ရသမျှ ဝင်ငွေတွေကို စုဆောင်းပြီး မိသားစုကို ပြန်လည်ထောက်ပံ့သူ တစ်ယောက် ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ဇေရဲထက်က သူ့ရဲ့ အဘွားဖြစ်သူကို ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေစလွယ်ပြီး လက်ဆောင်ပေးပြီး စိတ်ချမ်းသာ ပျော်ရွှ်စေခဲ့တာကို တွေ့ရပါတယ်။

ဇေရဲထက်က သူ့ရဲ့အဘွားဖြစ်သူကို တော်တော်လေး ချစ်သူဖြစ်ပြီး သီတင်းကျွတ်မှာလည်း အဘွားကို တစ်သောင်းတန်ပိုက်ဆံ အပုံလိုက်ကြီးနဲ့ ကန်တော့ခဲ့လို့ ပရိသတ်တွေက လေးစားနေရတာ ဖြစ်ပါတယ်။

ဇေရဲထက်က သူ့ဘဝမှာ အဘွားစိတ်ချမ်းသာအောင်ထားဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ လူကြီးမိဘအပေါ် သိတတ်ရိုသေမှုလေးကို အားကျနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Zay Ye Htet’s fb, REference& Credit:momolay.com

Comments are closed.