ကြည်နူးစရာကောင်းတဲ့ မိသားစု ပုံလေးတွေ တင်လိုက်တဲ့ မိုးယုစံ

ကြည်နူးစရာကောင်းတဲ့ မိသားစု ပုံလေးတွေ တင်လိုက်တဲ့ မိုးယုစံ

အရမ်းကို ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး မိုးယုစံကတော့တစ်ဦးတည်းသောချစ်မဝတဲ့ သားသားလေး ကောင်းသိင်္ခမိုးသူရယ် သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ငယ်ငယ်လေးနဲ့ တည်ငြိမ်လွန်းတဲ့ မိုးယုစံသားလေးကိုတော့ မိသားစုတွေကသာမက ပရိသတ်တွေကလည်း အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေမိုးယုစံက ချစ်စရာကောင်းတဲ့ သားလေးရယ် ခင်ပွန်းရယ်နဲ့အတူ ရိုက်ကူထားတဲ့ မိသားစုအမှတ်တရ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ မိုးယုစံတို့ မိသားစုလေးရဲ့ပုံရိပ်တွေကတော့ တကယ့်ကို နွေးထွေးလွန်းလှပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ မိုးယုစံတို့ မိသားစုလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးယုစံကတော့ “မာမီ့ သည်းလေးနဲ့သည်းကြီးနဲ့ကို My dream ကလည်းလှလှလေး ရိုက်ပေးတော့ရိုက်လိုက်တာပေါ့ သူတို့သားအဖနှစ်ယောက်ကိုတော့မနည်းခေါ်ရတာ 😁😘🥰” ဆိုပြီး မိသားစုသုံးယောက်အတူရိုက်ထားတဲ့ အလှပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေး ထားတာပါ။ အဝါရောင်ဆင်တူလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ မိုးယုစံတို့သားအမိကိုလည်း ပရိသ တ်တွေက အချစ်ပိုနေကြတာပါ။

ငယ်ငယ်လေးနဲ့ အရမ်းကို စတိုင်လ်မိုက်နေပြီဖြစ်တဲ့ သားသားလေး ကောင်းသိင်္ခမိုးသူ…။

ခင်ပွန်းရဲ့အချစ်တွေနဲ့ အမြဲပျော်နေရတဲ့ မိုးယုစံ…။

မိုးယုစံရဲ့ ချစ်မဝတဲ့သားသားလေးဖြစ်တဲ့ ဖိုးပြုံးချိုလေး ကောင်းသိင်္ခမိုးသူကတော့ မိသားစုတွေ အားလုံးအပြင် ပရိသတ်တွေကပါ အချစ်ပိုနေကြရသူလေးပါ။ ချစ်ခြင်းမေတ္တာတွေနဲ ထုံမွှန်းထားတဲ့ မိုးယုစံတို့ရဲ့အိမ်ထောင်ရေးက တကယ့်ကိုပဲ အားကျစရာကောင်းလှပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မိုးယုစံတို့မိသားစုလေးကိုချစ်ရင် shareသွားကြပါဦးနော်။

  • Myint Myat
  • Source:Moe Yu San’s Facebook
  • Photo;MY DREAM One Stop Wedding Service, Reference& Credit:momolay.com
Comments are closed.