ဓါတ်ပုံဆရာတစ်ဦးတင်လိုက်တဲ့ ချစ်စနိုးဦးတို့ မင်္ဂလာလက်မှတ်ထိုးပွဲ က ပုံရိပ်တစ်ခု

ဓါတ်ပုံဆရာတစ်ဦးတင်လိုက်တဲ့ ချစ်စနိုးဦးတို့ မင်္ဂလာလက်မှတ်ထိုးပွဲ က ပုံရိပ်တစ်ခု

မင်းသမီးချောလေး ချစ်စနိုးဦးကတော့ ချိုသာတဲ့အပြုံးလေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေး မှုကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ သရုပ်ဆောင်ပိုင်းမှာသာမကပဲ အဆိုပိုင်းမှာရော ထူးချွန်တဲ့ ချစ်စနိုးဦးကတော့ ချစ်စရာအသံလေးနဲ့လည်း ပရိသတ်တွေကို ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ချစ်စနိုးဦးက သူမချစ်ရသူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပြုလု ပ်နေပြီပဲ ဖြစ်ပါတယ်။ ချစ်စနိုးဉီးရဲ့ ပရိသတ်တွေကတော့ အရမ်းကို ကံကောင်းလွန်းတဲ့ သူမရဲ့ မင်္ဂလာသတင်းလေးကြောင့် အရမ်းကို ဝမ်းသာနေကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဓါတ်ပုံဆရာ ဝဏ္ဏခွါနီးဝေမျှပေး လိုက်တဲ့ ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့နှစ်ဦးရဲ့မင်္ဂလာလက်မှတ်ထိုးပွဲက ပုံရိပ်လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဓါတ်ပုံဆရာ ဝဏ္ဏခွါနီးကတော့ “Congratulations” ဆိုပြီး ချစ်စနိုးဦးတို့နှစ်ဦးရဲ့ မင်္ဂလာ လက်မှတ်ထိုးပွဲက ပုံရိပ်လေးတစ်ခုကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့နှစ်ဦးကတော့ ခမ်းနားလှပတဲ့ Pre Wedding ပုံရိပ်တွေကိုလည်း ဥရောပမှာ သွားရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့စုံတွဲလေးကတော့ မင်္ဂလာလက်ထပ်ပွဲကြီးရယ်၊ ညစာစားပွဲတွေရယ် ကျင်းပသွားဖို့လည်း ရှိပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မင်္ဂလာလက်မှတ်ထိုးပွဲ ဆင်နွဲနေပြီဖြစ်တဲ့ ချစ်စနိုးဦးတို့ စုံတွဲလေးကို ဂုဏ်ပြုစကားတွေ ဆိုခဲ့ကြပါဦးနော်။

Myint Myat
Photo;Wunna Khwar Nee’s Facebook, Reference & Credit:momolay.com

Comments are closed.