မော်ရင်ညိုဟာ မန်ယူနိုက်တက် အတွက် ပြဿနာတခုဖြစ်ခဲ့တယ်လို့ ပေါ့ဂ်ဘာအစ်ကိုဖြစ်သူ ပြောကြား

မော်ရင်ညိုဟာ မန်ယူနိုက်တက် အတွက် ပြဿနာတခုဖြစ်ခဲ့တယ်လို့ ပေါ့ဂ်ဘာအစ်ကိုဖြစ်သူ ပြောကြား

[ZawGyi]

လူစိတ်ဝင်စားမှု ရယူလိုတဲ့ မော်ရင်ညိုဟာ မန်ယူနိုက်တက်အတွက် ပြဿနာတခုဖြစ်ခဲ့တယ်လို့ ပေါ့ဂ်ဘာရဲ့အစ်ကိုဖြစ်သူ မာသီးယက်စ်က ပြောကြားလိုက်ပါတယ်။

ကစားသမားတွေနဲ့ သဘောထားတင်းမာကာ အဝတ်လဲခန်းပြိုကွဲမှုတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် ပေါ်တူဂီသားဟာ ဒီဇင်ဘာလမှာပဲ အိုးထရက်ဖို့ဒ်မြေကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ပေါ့ဂ်ဘာဟာလည်း ဒုတိယအသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရခြင်းအပါအဝင် အရံခုံတန်းမှာ ထိုင်ခဲ့ရတဲ့အထိ မော်ရင်ညိုနဲ့ ပြဿနာတက်ခဲ့ပါတယ်။

အခုချိန်မှာတော့ ပြင်သစ်သားဟာ ယာယီနည်းပြဆိုးရှားလက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြသနေပြီဖြစ်ပြီး တကယ့်ပြဿနာအရင်းအမြစ်ဟာ မော်ရင်ညိုသာဖြစ်ကြောင်း မားသီးယက်စ်က အတိအလင်းပဲ ဆိုခဲ့တာပါ။

” ပြဿနာက မော်ရင်ညိုပဲ ဖြစ်ပါတယ်။ အဝတ်လဲခန်းတွင်း အရာအားလုံးအတွက်ပေါ့။ ” လို့ မာသီးယက်စ်ပေါ့ဂ်ဘာက RMC သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

” ကျွန်တော့်ညီအကြောင်းကို ကျွန်တော် သိတာပေါ့။ သူ့ကို ကစားခိုင်းတာပဲ ဖြစ်စေ၊ အနားယူခိုင်းတာပဲဖြစ်စေ အကုန်လုပ်မယ့်သူပါ။ ”

မာသီးယက်စ်က ” မော်ရင်ညိုကျတော့ သူဟာ အမြဲထင်ပေါ်ကျော်ကြားလိုသူပါ။ လူတွေရဲ့ အာရုံစိုက်မှုကို ရယူချင်သူပါ။ ပေါလ်က ဒါတွေကို ထည့်မတွက်တတ်တဲ့သူပါ။ သူ့ကိုလေးစားမှုထားရင် သူက ပြန်လေးစားမယ်။ သူ့ကို ယုံကြည်ရင် ယုံကြည်မှုနဲ့ထိုက်တန်အောင် သူကစားပြလိမ့်မယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Goal

Comments are closed.