Sulli ကွယ်လွန်ပြီးနောက် ရည်းစားဟောင်းဖြစ်သူ Choiza ရေးသားခဲ့တဲ့ နှုတ်ဆက်စာ

Sulli ကွယ်လွန်ပြီးနောက် ရည်းစားဟောင်းဖြစ်သူ Choiza ရေးသားခဲ့တဲ့ နှုတ်ဆက်စာ

အောက်တိုဘာလ ၁၄ ရက်နေ့ မနေ့တုန်းက ဘဝတစ်ပါးသို့ပြောင်းရွှေ့သွားတဲ့ Sulli ရဲ့သတင်းဆိုးထွက်ရှိပြီးနောက်မှာ သူမရဲ့ ရည်းစားဟောင်းဖြစ်သူ Choiza ဟာ လတ်တလော လူမှုကွန်ရက်ကနေတဆင့် အွန်လိုင်းအသုံးပြုသူပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ များစွာ ကို ရရှိနေတယ်လို့ သိရပါတယ်။ Choiza နဲ့ Sulli တို့ ၂ ယောက်ဟာ သူတို့ရဲ့ အချစ်ရေးကို ၂၀၁၄ ခုနှစ် သြဂုတ်လမှာ ပရိသတ်တွေကို တရားဝင်ချပြခဲ့တာဖြစ်ပြီး စုံတွဲပုံရိပ်တွေကိုလည်း လူမှုကွန်ရက်တွေမှာ မျှဝေပေးခဲ့ပါတယ်။

အသက် ၁၄ နှစ်မျှ ကွာဟကြတဲ့ သူတို့ ၂ ဦးချစ်ကြိုက်စဉ်အချိန်တုန်းကဆိုရင် Sulli ရဲ့ အသက် ဟာ ၂၀ မျှသာရှိခဲ့သေးတာ ဖြစ်ပါတယ်။ ချစ်ကြိုက်နေကြကြောင်းကို တရားဝင်အ သိပေးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် မတ်လမှာတော့ သူတို့ ၂ ဦး လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို ၂ ဖက်စလုံးရဲ့ အေဂျင်စီတွေကနေ အတည်ပြုကြေညာပေးခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ ချစ်ကြိုက်နေခဲ့ကြချိန်ကတည်းက အွန်လိုင်းအသုံးပြုသူတွေရဲ့ ပြစ်တင်ဝေဖန် တိုက်ခိုက်မှုတွေကို ရရှိနေခဲ့တာဖြစ်ပြီး အခုလက်ရှိအချိန်မှာတော့ Choiza ဟာ Sulli ရဲ့ သေဆုံးမှုနဲ့ပတ်သတ်ကာ ပရိသတ်တွေရဲ့ ဒေါသပုန်ထအပြစ်တင်ခံနေရတာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ Choiza ကို ဒီလိုမျိုးစိတ်ဆိုးဒေါသဖြစ်နေကြရတဲ့ အကြောင်းအရင်း လည်း ရှိပါတယ်။ အဲဒါတော့ Sulli တစ်ယောက် ပွဲထွက်ချိန်တုန်းကပုံစံနဲ့ကွဲပြားစွာ နောက်ပိုင်း မှာခပ်ဟော့ဟော့နေတတ်လာတဲ့ပုံစံတွေဟာ Choiza ကြောင့်ဖြစ်တယ်လို့ ပရိသတ်တွေက သတ်မှတ်ခဲ့ကြတာကြောင့်ပါပဲ။


ဒါပေမယ့်လည်း ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ Choiza ဟာ သွားလေသူ ရည်းစားဟောင်း Sulli ကို နှုတ်ဆက်တဲ့အနေနဲ့ သူ့ရဲ့ အင်စတာဂရမ်မှာပို့စ်တစ် ခု တင်ထား တာကို တွေ့ရပါတယ်။ ထိုပိုစ့်ထဲမှာတော့ “လှပတဲ့အမှတ်တရတွေများစွာ ငါတို့အတူတူ မျှဝေဖြတ်သန်းခဲ့ကြတယ်။ ဝမ်းနည်းစွာနဲ့ အခုတော့ မင်းကို လက်လွှတ်ပေးလိုက်ရပြီ။ ဒါပေမယ့် ဒီလိုအမှတ်တရတွေကို ငါ့ဘဝရဲ့နောက်ဆုံးအချိန်အထိ အမှတ်ရနေမှာပါ။ ငါမင်းကို အရမ်းလွမ်းနေပါတယ်ကွာ” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

f(x) ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sulli ဟာ သူမရဲ့ နေအိမ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနေ့တုန်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သတိလစ်မေ့မျောနေတဲ့ သူမကို ဦးစွာတွေ့ရှိခဲ့သူကတော့ သူမရဲ့ မန်နေဂျာဖြစ်ပြီး သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အသေအချာမသိရသေးပဲ သူမကိုယ်သူမ အဆုံးစီရင်တယ်လို့ပဲ မှတ်ချက်ချထားကြပါတယ်။

Myint Myat
Source;Koreaboo,Reference&Credit:momolay.com

Comments are closed.