လည်ပင်းကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါ်ခင်မေသက်အတွက် ဆေးဖိုး (၃)သိန်း လှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်

လည်ပင်းကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါ်ခင်မေသက်အတွက် ဆေးဖိုး (၃)သိန်း လှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်


လူလေးလှသလို စိတ်ထားလေးလည်း ကောင်းမွန်ပြည့်စုံတဲ့ ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ရက်ပိုင်း က ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အနုပညာရှင် သက်ကြီးပူဇော်ပွဲမှာ အမေများအဖွဲ့မှ ဒေါ်ခင်မေ သက်ကို ဆေးဖိုးများ ထောက်ပံ့လှူဒါန်းသွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမရဲ့ ကတိအတိုင်းပဲ အမေကြီး ဒေါ်ခင်မေသက်အတွက် ဆေးဖိုးအလှူငွေ (၃) သိန်းကျပ်တိတိကို ဇာတ်ပို့၊ ဇာတ်ရံအသင်း ဥက္ကဌ ဦးဝင်းမြိုင်မှတဆင့် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

အမေကြီး ဒေါ်ခင်မေသက်က လည်ချောင်းကင်ဆာ ရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး စကားမပြောနိုင်တဲ့အထိ အခြေအနေ ဆိုးရွားနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမေကြီးက အနုပညာဆည်းဆာရိပ် မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမတတ်နိုင်တဲ့ အားလေးနဲ့ သက်ကြီး အနုပညာရှင်တွေကို ထောက်ပံ့ ကူညီပေးလေ့ရှိသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲံ အလှူလေးကို သာ ဓုခေါ်ပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Win Myaing’s fb, Reference& Credit;momolay.com

Comments are closed.