ငယ်ငယ်လေးနဲ့ မေတ္တာသုတ်ရွတ် ဖတ်ပြီး မေတ္တာပွားနေတဲ့ မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ရဲ့ဗီဒီယို

ငယ်ငယ်လေးနဲ့ မေတ္တာသုတ်ရွတ် ဖတ်ပြီး မေတ္တာပွားနေတဲ့ မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ရဲ့ဗီဒီယို

မြင်လိုက်တာနဲ့အေးချမ်းလွန်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ လက်ရှိမှာ ချစ်ရတဲ့ သားလေးရယ်ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ မယ်လိုဒီက ငယ်ငယ်လေးနဲ့ ဘုရားတရားအရမ်းသိပြီး၊ မေတ္တာသုတ်ရွတ်ဖတ်ပွားများပြီး၊ မေတ္တာပို့နေတဲ့ သားလေးရဲ့ ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ကတော့ ဟိုး ငယ်ငယ်လေးကတည်းက ဘုရားတရားအလုပ်တွေလုပ်နေရရင် ပျော်နေသူလေးဖြစ်ပြီး၊ ဘုန်းကြီးတွေတောင် ချစ်ကြတဲ့ လိမ္မာလွန်းတဲ့ သားသားလေးပဲ ဖြစ်ပါတယ်။

္ဓမိုမိုလေးချစ်ပရိသတ်တွေအတွက် အသက်ငယ်ငယ်လေးနဲ့ ဘုရားတရား အရမ်းသိပြီး၊ မေတ္တာသုတ်တောင် ရွတ်ဖတ်တတ်နေပြီဖြစ်တဲ့ သားသားလေး သိဒ္ဓိစစ်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မယ်လိုဒီကတော့ “သားလေး Siddhi Sittသိဒ္ဓိစစ် မေတ္တာသုတ်ရွတ်ဖတ်ကာ မေတ္တာပွား ၇ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်🙏🙏🙏🙏🙏” ဆိုပြီး လိမ္မာလွန်းတဲ့ သားလေးရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

မေတ္တာသုတ်ကို အသံနေအသံထားနဲ့ ရွတ်ဆိုနေတဲ့ သိဒ္ဓိစစ်ရဲ့ဗီဒီယို

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အိမ်ထောင်မှုတာဝန်တွေများစွာ လုပ်ကိုင်နေရတဲ့ မယ်လိုဒီကတော့ လတ်တလောမှာ သားလေးကို ထိန်းရင်းအနုပညာအလုပ်တွေ ဆ ကတိုက် လုပ်ဖြစ် နေ တာ ပဲ ဖြစ် ပါ တယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ငယ်ငယ်လေးနဲ့ ဘာသာရေးအရမ်းလိုက်စားတဲ့ မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်ကိုချစ်ရင်Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Melody Myo’s Facebook,Reference& Credit:momolay.com

Comments are closed.