ခင်ပွန်းဖြစ်သူကို အတူခေါ်ပြီး “ချိုးရုပ်” ပွဲကို အလှဆုံးတက်ေ ရာက်ခဲ့တဲ့ ခိုင်သင်းကြည်

ခင်ပွန်းဖြစ်သူကို အတူခေါ်ပြီး “ချိုးရုပ်” ပွဲကို အလှဆုံးတက်ေ ရာက်ခဲ့တဲ့ ခိုင်သင်းကြည်

ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်သင်း ကြည်ကတော့ သူမရဲ့အနုပညာပြောင်မြောက်မှုကြောင့် ဒီနေ့အထိတိုင် ပရိသ တ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခိုင်သင်းကြည်က ချစ်ရတဲ့ ခင်ပွန်းကိုပါ အပါခေါ်ပြီး အလှဆုံးပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တစ် ချို့ ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဒီအသက်အရွယ်ထိတိုင် ရုပ်ရည်ရော၊ ခန္ဓာကိုယ်ကိုပါ ထိန်းသိမ်းထားနိုင်တဲ့ ခိုင်သင်းကြည်ကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက် ဖက်ညီပြီး ကြည့်လို့လှနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ ပွဲတက်ခဲ့တဲ့ မခိုင်လေးရဲ့အလှပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ခိုင်သင်းကြည်ကတော့ “”ချိုးရုပ်”ရုပ်ရှင်အကြီးကြီးအောင်မြင်ပါစေ👍မနက်ဖြန်ရုံတင်ပါပြီနော်😍” ဆိုပြီး ချစ်ရတဲ့ သူငယ်ချင်း ခင်လှိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ “ချိုးရုပ်” ရုပ်ရှင်ကို သွားအားပေးခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

အဆိုပါပွဲကိုတော့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံအပြင် တစ်ခြားသော နာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ခိုင်သင်းကြည်ကတော့ တလောကပဲ “ဆူးပန်းခွေ သွယ်ဘယက်နဲ့ ပေရွက်လိပ် နားတောင်း ဆင်” ဇာတ်လမ်းတွဲကို ရိုက်ကူးထားပါသေးတယ်။ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်နဲ့ ခန့်စည် သူတို့ အနုပညာမောင်နှမသုံးယောက်ကတော့ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကြည်နူးဖို့ကောင်း တဲ့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Khaing Thin Kyi’s Facebook

Comments are closed.