“ဝတုတ်လူဆိုး”ရဲ့ “ဦးဏ”ကိုခေါ်ပြီး Romantic ရုပ်ရှင်သွားကြည့်ခဲ့ တယ် ဆိုတဲ့ ပိုင်ဖြိုးသု

“ဝတုတ်လူဆိုး”ရဲ့ “ဦးဏ”ကိုခေါ်ပြီး Romantic ရုပ်ရှင်သွားကြည့်ခဲ့ တယ် ဆိုတဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေက “မီ” လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော ပိုင်ဖြိုးသုဟာ ဆရာဝန်မလေး တစ်ဦးဖြစ်ပြီး အကယ်ဒမီဆု တစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသူပါ။ ပိုင်ဖြိုးသုက အနုပညာလုပ်ငန်းတွေကို မြတ်မြတ်နိုးနိုး လုပ်ကိုင်နေပြီး ဒါရိုက်တာဏကြီးနဲ့ အတူတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းတဲ့ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံလေးကို ပရိသတ်တွေကလည်း သဘောကျ အားပေးကြတာ ဖြစ်ပါတယ်။


“မင်းသားလူပျိုကြီးရယ်၊ ပရိုဂျူဆာလူပျိုကြီးရယ်၊ ဇာတ်ညွှန်းဆရာ လူပျိုကြီးရယ်၊ ဒါရိုက်တာ အပျိုမလေးရယ်၊ မင်းသမီး အပျိုမလေးရယ်ပေါင်းပြီး အကြီးအကျယ် ‘Ro’ ထားကြတဲ့ ရုပ်ရှင် ဆိုတော့”


ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုက အိမ်ထောင်သက်တမ်း တစ်နှစ်မပြည့်သေးတဲ့ ကြင်စဦး ဇနီးမောင်နှံဖြစ်ပေမယ့် အလုပ်တွေကိုယ်စီရှုပ်နေကြတာမို့ အတူတူ ရှိတဲ့အချိန် အင်မတန်ကို ရှားပါးပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Paing Phyoe Thu’s fb
Photo – Ria Bo Vich,Reference & Credit:momolay.com

Comments are closed.