မိုင်းဖုန်း ဆရာတော်ကြီး ရှမ်းပြည်နယ် ရှိ ကျောက်ဂူ အတွင်း (၃)နှစ် (၃)လ (၃)ရက်တိတိ တရားကျင့်ကြံ အားထုတ်တော့မည်

မိုင်းဖုန်း ဆရာတော်ကြီး ရှမ်းပြည်နယ် ရှိ ကျောက်ဂူ အတွင်း (၃)နှစ် (၃)လ (၃)ရက်တိတိ တရားကျင့်ကြံ အားထုတ်တော့မည်

မိုင်း ဖုန်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ဉာဏသံဝရသည် (၃)နှစ်(၃)လနှင့် (၃)ရက်တိတိ ရှမ်းပြည်နယ်ရှိကျောက်ဂူအတွင်း တရားကျင့်ကြံအားထုတ် တော့မည်ဖြစ်ကြောင်း ဆရာတော် ၏အနီးကပ် ဒကာများ ထံမှ သိရသည်။

မိန့်ကြား

ဆရာတော်ကြီးသည် ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ် အတွင်းရှိ မိုင်းကြတ်ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီ ၁၉ ရက်မှစတင်ပြီး သုံးနှစ် သုံးလနှင့် သုံးရက်တိတိ တရားကျင့်ကြံအားထုတ်သွား မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ သည့်ဆရာတော်ကြီး၏ ဝိဇာတပူဇာမွေးနေ့မင်္ဂလာအတွင်း မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ကြီး၏အနီးကပ်ဒကာ ဖြစ်သူ ဦးနွယ်စိန်က ပြောဆိုသည်။

ဟောကြားခဲ့

“တိတိကျကျတော့မသိဘူးပေါ့။ ဆရာတော်ကြီးဟောကြား ခဲ့တာကို ကျွန်တော်တို့က ဘာသာပြန်ပေးတာပါ။ ဆရာ တော်ကြီးက ဒီနှစ်သင်္ကြန်ပြီးလို့ ဧပြီ ၁၉ ရက်ဆိုရင် ကျောက် ဂူထဲမှာသွားပြီးကျင့်ကြံမယ်။ သုံးနှစ် သုံးလ သုံးရက်ကြာမယ်။ ဒကာဒကာမတွေက ဆရာတော်ကြီးကိုပြန်ဖူးဖို့ သုံးနှစ်ကျော် စောင့်ရမယ်” ဟု ဦးနွယ်စိန်က ဆက်လက်ပြောဆိုသည်။

မိုင်းဖုန်းဆရာတော်ကြီးသည် နှစ်စဉ် ဝါတွင်းသုံးလတိုင် ဂူအောင်းကာ တရားကျင့်ကြံ အားထုတ်လေ့ရှိပြီး ယခုနှစ် ဧပြီ ၁၉ ရက်မှ စတင်၍ နှစ်ရှည်တရားကျင့်ကြံမည်ဖြစ်သည်။

ဆရာတော်ကြီးသည် လွန်ခဲ့သည့် ၂၀၁၈ ဇူလိုင် ၂၄ ရက်မှ စတင်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မုန်းကျတ် ရွာအနီးမှ မုန်းကျတ်ဂူအတွင်း၌ သုံးလတိုင်တိုင် ကမ္မဋ္ဌာန်း တရားများ ကျင့်ကြံပွားများအားထုတ်ခဲ့ပြီးနောက် အောက် တိုဘာ၂၄ရက်သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော် နေ့)တွင် ဝါလကင်းလွတ်သဖြင့် ဂူမှထွက်ကာ မြန်မာပြည် အရပ်ရပ်သို့ကြွရောက်တော်မူပြီး တရားဟောကြားတော်မူ ခဲ့ကာ ထိုစဉ်ကာလကလည်း နှစ်ရှည်တရားအားထုတ်ရန် မိန့်ကြားခဲ့ဖူးသည်။

ဖူးမြော်

ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ၅ ရက်အထိ မိုင်းဖုန်းဆရာ တော်ကြီး၏ သက်တော်(၅၆) နှစ်ပြည့် ဝိဇာတပူဇာမင်္ဂလာ တရားပွဲများကျင်းပခဲ့ရာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအို နိုင်ငံတို့မှ ဧည့်ပရိသတ်ပေါင်း သိန်းနှင့်ချီ လာရောက်ဖူးမြော်ကာ တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

credit:The Myanmar Time

Comments are closed.