မိသားစုလိုက် ငပလီကမ်းခြေမှာ အနားယူအပန်းဖြေနေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

မိသားစုလိုက် ငပလီကမ်းခြေမှာ အနားယူအပန်းဖြေနေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အိမ်ထောင်သက်တမ်း (၉) နှစ် နီးပါးရှိတဲ့ အနုပညာရှင်မောင်နှံလေးပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က သရုပ်ေ ဆာင်လောကမှာလည်း အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားပြီး အကယ်ဒမီဆုတွေကို လည်း ကိုယ်စီရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လိုက်ဖက်ညီလွန်းတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံလေးကို ချစ်ခင်အားပေးကြပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက လက်ရှိမှာတော့ မိသားစုတွေနဲ့အတူတူ ငပလီ ကမ်းခြေမှာ အနားယူ အပန်းဖြေနေကြတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း ကိုယ်စီလုပ်ကိုင်နေလျက် ရှိပါတယ်။

ပြေတီဦးတို့ မိသားစုလေးကတော့ ငပလီကမ်းခြေမှာ တော်တော်လေး ပျော်ရွှင်နေပုံပဲနော်။ ပရိသတ်ကြီးလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Eaindra Kyaw Zin’s fb, Reference& Credit:momolay.com

Comments are closed.